အပိုင်း (၂)

5.6K 180 2
                                    

Unicode
~~~~~~

ငြိမ်းမောင် သူ့အရှေ့က သူရဆိုသည့်လူငယ်အား ဘာကြောင့်မှန်းမသိသဘောမတွေ့ပါ။

"ကြည်ဖြူ ဘာလို့လိုက်လာတာလဲ မလာပါနဲ့ဆိုတာကို"

"ကြည်ဖြူလည်း လာချင်တာပေါ့ သူရရဲ့"

သူရ ကြည်ဖြူကိုလူတစ်ယောက်နဲ့အတူတွေ့ရလို့ မျက်ခုံးတွန်မိသွားသည်။

"ဒီမှာ ကြည်ဖြူဆိုလား မင်းလိုက်မှာလား မင်းရည်းစားနဲ့စကားပြောနေခဲ့မှာလား"

ငြိမ်းမောင် ဒီနှစ်ယောက်အားစိတ်မရှည်ချင်တော့ပေ။

"အို ရည်းစားမဟုတ်ပါဘူး ကြည်ဖြူ ဆရာ အဲ ကိုငြိမ်းမောင်နောက်လိုက်ပါ့မယ် သူရ ကြည်ဖြူသွားလိုက်ဦးမယ် "

ကြည်ဖြူ့မှာ သူရအား ပြောကာ သူ့နောက်လိုက်သွားတော့သည်။

"ဂရုစိုက်နော် ကြည်ဖြူ "

သူရက သူမအားအထူးမှာကြားကာ လုပ်စရာရှိတာများ ဆက်လုပ်တော့သည်။

====

လူနာတွေက ထင်ထားတာထက်များခဲ့သည်။ ထိခိုက်ဒဏ်ရာရတာက အသက်အန္တရာယ်မရှိသော်လည်း သေချာစွာ ကုသပေးရသည်။ လူတွေအားလုံးအလုပ်ရှုပ်ကြပြီး နံနက် ၁နာရီလောက်မှ သာအခြေအနေများတည်ငြိမ်သွားခဲ့သည်။

"ကြည်ဖြူ ဘယ်လိုအခြေအနေရှိလဲ "

လူတစ်ယောက်အား ဆေးထည့်ပေးနေသော ကြည့်ဖြူ့ထံသို့ သူရလိုက်လာခဲ့သည်။

"သူရ ကြည်ဖြူဒီတစ်ယောက်ကြည့်ပြီးရင်ပြီးပြီ "

"ဟုတ်လား ငါပြန်လိုက်ပို့မယ်"

"အင်း ပြီးရောလေ "

ကြည်ဖြူ သူရအားပြုံးကာပြန်ပြောလိုက်သည်။

"ခဏစောင့်နော် သူရ "

"အင်း ရတယ်"

ထို့နောက် ကြည်ဖြူ လူနာများအား ကုသနေသော ကိုငြိမ်းမောင်ထံသွားကာ

"ကိုငြိမ်းမောင် ပြန်တော့မှာမလား အတူပြန်ရအောင်လေ ဘယ်အိမ်မှာ တည်းတာလဲ"

ငြိမ်းမောင် သူ့အားလာပြောနေသော မိန်းကလေးအား ကြည့်လိုက်တော့ ဟိုအရှေ့နားမှာ သူရဆိုသူက ရပ်စောင့်နေသည်ကိုတွေ့လိုက်ရတော့

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now