အပိုင်း (၁၁)

4.1K 142 8
                                    

Unicode
~~~~~~

"ငြိမ်းမောင် မြေးအခြေအနေဘယ်လိုလဲ "

"အရေးပေါ်ခန်းထဲက ထွက်မလာသေးဘူးအဖေ"

မြေးဖြစ်သူအသည်းအသန် ဖြစ်နေတာကြားရ၍ ဦးကိုငြိမ်း အရေးပေါ်ခန်းသို့ ထွက်လာရသည်။

"အီးးးမေ့သားလေးရယ် ဘယ်လောက်သနားဖို့ကောင်းလိုက်လဲ အီးးးဟီးးး"

"သားအဆင်ပြေမှာပါ ကြည်ဖြူရယ် အားလုံးက ကိုယ့်အမှားတွေပါ ဗိုက်ထဲမှာ ကလေးရှိသေးတယ်လေ မငိုနဲ့တော့နော်"

ငြိမ်းမောင် တကယ်နောင်တရသွားသည်။ ကြည်ဖြူစျေးဝယ်တာ တအောင့်ကြာနေပြီမို့လို့ စိတ်ပူသွားကာ သားကို စိတ်ချအောင်ထားပြီးမှ စျေးသို့လိုက်သွားခြင်းဖြစ်သည်။ စျေးရောက်တော့ ကြည်ဖြူက သူရဆိုတဲ့ကောင်လေးနှင့်အေးဆေးစကားဖောင်ဖွဲ့နေကြသည်ကိုမြင်လိုက်၍ သူ့မှာ အူတိုတာရောဒေါသထွက်တာရော ပေါင်းပြီး စိတ်တွေလွတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ သူရဲ့အတ္တကြောင့် သားကို ထိခိုက်စေခဲ့သည်။

"ကျွန်မက မွေးထားတဲ့ မအေရှင့် မငိုပဲ နေနိုင်ပါ့မလား အီးးဟီးးး ရှင့်ကြောင့် ဦးစိတ်တိုရဲ့ ရှင့်ကြောင့်"

ငြိမ်းမောင် သူ့အား အားသေးသေးလေးဖြင့်ထုရိုက်နေသော မိန်းမကို ဖက်ကာ ချော့နေရသည်။ ဦးကိုငြိမ်း ကတော့ ကြည့်သာကြည့်နေလိုက်သည်။

ကလစ်

တံခါးဖွင့်သံကြားလို့ အားလုံး တံခါးကို ကြည့်လိုက်ကြသည်။

"မောင်ရဲအောင် အန်ကယ့်မြေးအခြေအနေဘယ်လိုလဲ"

"ကလေးက အရမ်းငိုပြီးတက်သွားတာပါ အချိန်မှီဆေးရုံရောက်လာလို့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး"

ထိုအချိန် အရေးပေါ်အခန်းရဲ့ အနည်းငယ်အလှမ်းဝေးသောနေရာကနေ ဒေါ်ကေခိုင်တစ်ယောက် စိတ်အေးသွားရသည်။ ထို့အတူ ချွေးမဖြစ်သူမ၏ သောက ကိုမြင်လိုက်ရ၍ အရင်က ချွေးမပေါ် အထက်စီးဆန်ခဲ့တာတွေကို နောင်တရသလိုဖြစ်လာခဲ့သည်။အခုအချိန် ပြန်တောင်းပန်ဖို့ရာက လက်ခံမှာမဟုတ်မှန်းသိသောကြောင့် အေးဆေးမှတောင်းပန်ရန် ဆုံးဖြတ်လိုက်သည်။

သံယောဇဥ်မိုးများ ရွာသောအခါМесто, где живут истории. Откройте их для себя