အပိုင်း (၈)

4.7K 167 4
                                    

Unicode
~~~~~~

"ရှင့်အမေကိုသာ ရှင်မေးကြည့်လိုက်!"

ငြိမ်းမောင်သူ့အား လေသံမာမာ ပြောဆိုပြီး အိမ်ပေါ်သို့တက်သွားသော ကြည်ဖြူအားတစ်ချက်ကြည့်ကာ သူ့မိဘတွေထံ လှည့်ကာ

"အဖေ အမေ ဘာတွေဖြစ်ခဲ့ကြတာလဲ"

"ဘာဖြစ်ရမှာလဲ သားမိန်းမအစွယ်တွေ ထွက်လာတာလေ"

အမေကသူ့အားပြောနေသော်လည်း အဖေကတော့ စိတ်ပျက်နေဟန်တူပါသည်။

"အဲ့အစွယ်ထွက်နေတဲ့ ဒီချွေးမက အဒေါ်တို့နဲ့မပတ်သက်တော့ဘူး ကျေနပ်တယ်မလား"

ကြည်ဖြူအပေါ်သို့တက်က အလုပ်အတွက်လိုအပ်သည့် စာရွက်စာတန်းများယူကာ ထွက်လာသော ဒေါ်ကေခိုင်၏ စကားများကြောင့် ဆုံးဖြတ်ချက်တို့ ခိုင်မာ လာခဲ့သည်။

"ဒီမှာကိုငြိမ်းမောင် ရှင်လည်း ဘာတာဝန်မှယူမနေနဲ့တော့! ကျွန်မမိဘတွေ မျက်နှာပျက်မှာဆိုးလို့ ရှင့်ကို ယူခဲ့တာ ကျားကြောက်လို့ဆင်ကြီးကိုဆင်ကြီးကျားထက်ဆိုး ဖြစ်သွားတယ်ထင်တယ် ကျွန်မသွားတော့မယ်"

"ဘယ်သွားမလို့လဲမင်း ကိုယ်ဝန်ရှိတာလဲ သတိရဦး"

"ကျွန်မကလေး ကျွန်မဂရုစိုက်နိုင်တယ်"

"ဟာ ဟေ့"

အိမ်ကထွက်သွားသော ကြည်ဖြူအား ကြည့်ကာ သူလည်းစိတ်ညစ်သွားရသည်။ ဘယ်လောက်တောင် ဒေါသထွက်လို့လဲမသိ။

"အဖေ ဘာတွေဖြစ်ခဲ့ကြတာလဲဗျာ ညကစိတ်မကောင်းဖြစ်နေလို့ မနည်းချော့လိုက်ရတာကို"

ထိုအခါမှ သက်ပြင်းချကာ အဖေက သူ့အား ဖြစ်ပျက်သမျှအစအဆုံးကိုပြောပြလိုက်သည်။

"မင်္ဂလာပါ အဖေတို့"

"အေးကွာ သမီးကြည်ဖြူရော အခြေအနေဘယ်လိုလဲ "

"ဗျာ! ဪ နေကောင်းပါတယ် အဖေတို့ ကျွန်တော်သတိရလို့ လှမ်းဆက်လိုက်တာ ကြည်ဖြူကအိပ်နေပြီ ဒါဆို ဒါပဲနော် အဖေ"

ငြိမ်းမောင် ခေါင်းတွေ ထူပူသွားရသည် မိဘအိမ်လည်းမပြန်ဘူးဆိုတော့ ဘယ်သွားနေတာလဲ တစ်မြို့အနှံ့လည်း တစ်ပတ်ပတ်ပြီးပြီ။

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now