အပိုင်း (၁၇)

3.2K 148 8
                                    

Unicode
~~~~~~

အစည်းအဝေးတက်ပြီးတဲ့နောက် ငြိမ်းမောင်ရဲ့ အိမ်ပြန်လမ်းဟာ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နက်နေခဲ့သည်။ ပါမောက္ခဖြစ်ဖို့က သူ့ရဲ့အိမ်မက်ဖြစ်သည် ထို့ကြောင့် စင်ကာပူက ပြန်မလာခင်ကတည်းက ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။ သို့ပေမယ့် အခွင့်အရေးရှိလာတော့ သူ့မှာ သားနဲ့မယားနဲ့ဖြစ်နေပြီ အရေးကြီးဆုံးက ကြည်ဖြူ့ကို သူ မခွဲနိုင်ပါ။

"သားကြီးဖေဖေ့ရဲ့ စာရွက်တွေမကိုင်ရဘူး"
သားကြီးက သူ့အဖေအလုပ်ခုံပေါ်တက်ကာ စူးစမ်းနေသောကြောင့် ကြည်ဖြူ အမြန်ချီလိုက်ရသည်။

"ဖေ့ "

"ဗျာ ဗျာ "

အခန်းထဲ တိတ်ဆိတ်စွာ ဝင်လာသော် အတာက ကုတင်ပေါ်က တွေ့တော့ သူ့အားခေါ်လိုက်သည်။ထိုအခါ လက်စွဲအိတ်ကို ချကာ အတာ့ကို သူချီလိုက်သည်။

"ကိုငြိမ်းမောင် ပြန်လာပြီလား"

"ဟုတ်တယ် မိန်းမ "

သူ့အနားသို့ရောက်လာကာ မေးနေသော ကြည်ဖြူ၏နဖူးကို သားတွေအရှေ့မှာပင် နမ်းလိုက်မိသည်။

"ရေချိုးတော့လေပြီးရင် ထမင်းစားကြမယ်"

"အင်း ဒါဆို ကိုယ်ရေချိုးဦးမယ် "

လှည့်ထွက်သွားသော ကိုငြိမ်းမောင်သည် မျက်နှာမကောင်းပါ ဘာများဖြစ်လို့လဲမသိ။

"သားကြီး ဖေဖေ့ပန်းကန်ကို မဆော့ရဘူးလေ ဖေဖေအခုမှထမင်းစားရတာ"

သားနှစ်ယောက်ကို ကြည်ဖြူထမင်းကျွေးပြီးပြီဖြစ်သည်၊ သားလေးကိုတော့ ဒေါ်ပုနဲ့မိထွေးက ကြည့်ထားပေးပြီးသားကြီးကတော့ မိဘတွေထမင်းစားနေတာကို လာမွှေနေပါသည်။

"ကိုငြိမ်းမောင် ကိုငြိမ်းမောင် "

"ဟင်"

"ဘာတွေငိုင်နေတာလဲ ရှင့်သားကိုပြောဦး"

ထမင်းစားရင်းငိုင်နေသော သူ့ကို လှမ်းပြောတော့ သူသားကြီးကို ပြန်ဆွဲထားလိုက်ပြီး

"အာ တောင်းပန်ပါတယ်  သားတွေအိပ်သွားရင် ကိုယ်ပြောစရာရှိတယ်ကြည်ဖြူ"

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now