အပိုင်း (၁၆)

3.2K 125 0
                                    

Unicode
~~~~~~

"သမီး သားကဘယ်လိုဖြစ်သွားတာလဲ"

"သူအလုပ်ဆင်းပြီး ကြည်ဖြူတို့သားအမိဆီဝင်လာရင်း လဲကျသွားတာအဖေ"

ဒေါ်ကေခိုင်တို့လင်မယား သားသတိလစ်သွားတယ် ကြားလို့ဆေးရုံသို့ ချက်ခြင်းရောက်လာကြခြင်းဖြစ်သည်။ သားက အရေးပေါ်ခန်းထဲက ထွက်မလာသေးပေ။ ချွေးမကိုကြည့်တော့ ငိုထားတာက မျက်လုံးများတောင် အစ်နေသည်။

ကလစ်

"ဆရာ ကျွန်မအမျိုးသား အခြေအနေ"

အရေးပေါ်ခန်းမှ တံခါးပွင့်လာသောကြောင့် အခန်းထဲက ထွက်လာသော ဆရာဝန်အား ကြည်ဖြူမေးလိုက်သည်။

"ဆရာငြိမ်းမောင်က အားနည်းပြီး မေ့လဲသွားတာပါ ကျွန်တော်အခု ဆေးချိတ်ပေးထားတယ် ဒီညတော့ဆေးရုံမှာပဲ အနားယူလိုက်တာ ကောင်းပါမယ် အစာများများကျွေးပေးပါ"

ရောဂါတွေဘာတွေကြောင့် မဟုတ်လို့တော်ပါသေးသည်။

"ပင်ပန်းသွားပြီ ဆရာမျိုးသန့်"

"ရပါတယ် ဆေးရုံအုပ် ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး "

ဆရာမျိုးသန့်ထွက်သွားတော့ ကိုငြိမ်းမောင် ကို သူနာပြုတွေက အခန်းရွှေ့ပေးကြသည်။

ကြည်ဖြူကပဲ ကိုငြိမ်းမောင်ကို ဆေးရုံစောင့်အိပ်လိုက်ပြီး သားတွေကိုတော့ သူတို့အဖိုးအဖွားတွေ ကြည့်ပေးထားမည်ဖြစ်သည်။

"သမီး ဒါဆို အဖေတို့ပြန်နှင့်တော့မယ် မြေးလေးတွေကို စိတ်မပူနဲ့"

"ဟုတ်ကဲ့ အဖေ"

ဒီလိုနဲ့ အခန်းထဲမှာ ဆေးချိတ်ထားတဲ့ ကိုငြိမ်းမောင်နဲ့ကြည်ဖြူသာ ရှိတော့သည်။

"တော်သေးလို့ သားကဘာမှမဖြစ်တာပေါ့ အကောင်းဖက်ကတွေးရင် အခုဆို ကြည်ဖြူ စိတ်ပျော့သွားလောက်ပြီ"

"မင်းကသေချာနေတယ်ပေါ့"

ဒေါ်ကေခိုင် သူမခင်ပွန်းကို ပြုံးပြလိုက်သည်။ချွေးမဖြစ်သူက သူမကို စကားလုံးဝမပြောပေမယ့် သူမအပြစ်လုပ်ထားသူမို့ ဘာမှလုပ်လို့မရပါ။သိုကေမယ့် မိန်းမတွေ့ရဲ့စိတ်ကို မိန်းမတွေ သိကြပါသည်။မြေးတွေကို ခေါ်ကာ ဒေါ်ကေခိုင်တို့ အိမ်သို့ ပြန်လာခဲ့ကြသည်။

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now