အပိုင်း (၂၁)

3.1K 115 5
                                    

Unicode

~~~~~~

ငြိမ်းမောင် သူတို့အခန်းထဲ ဝင်လာသောအခါ အမြွှာနှစ်ယောက်က ဟိုဆွဲဒီဆွဲနဲ့ တွေ့သမျှပစ္စည်းတွေကိုလိုက်ဆွဲနေသည်ကို တွေ့လိုက်ရသည်။သူတို့ကို မိထွေးက လိုက်ထိန်းနေလေ၏။

"အာကာနဲ့အဏ္ဏဝါ မေမေ့ကိုကြည့်ပါဦး"

ကြည်ဖြူအသံကြားတော့ လှည့်ကြည့်ကြသည်။ထို့နောက် ကြည်ဖြူ့ထံ လေးဖက်ထောက်ကာ လာကြ လေ၏။ ထိုအခါ ကိုငြိမ်းမောင်က သူ့သားအမြွှာတွေကို လက်တစ်ဖက်တစ်ယောက်ဖြင့် ဝင်ချီလိုက်သည်။သူတို့လေးတွေ၏ ပါးတွေကို မွှေးကြူလိုက်တော့ ကိုငြိမ်းမောင် ကို မျက်လုံးဝိုင်းလေးဖြင့် ပြန်ကြည့်ကြသည်။

"ဖေဖေလေ သားတို့ရဲ့"

ကိုငြိမ်းမောင် က အခုမှတွေ့ဖူးသော သားတွေကို မိတ်ဆက်နေလေ၏။ သားတွေကလည်း သွေးကစကားပြောသည်ထင်ပါရဲ့ ဖအေ့လက်ထဲမှာ ငြိမ်ကျနေကြသည်။

"ကြည်ဖြူ ကိုယ့်ကို အင်္ကျီထုတ်ထားပေးဦးကွာ ကိုယ်ပြည့်စုံနဲ့သွားတွေ့လို့"

"ဘယ်ကိုသွားကြမလို့လဲ "

"ကိုယ်ပရော်ဖက်ဆာ ဖြစ်သွားတာ ဂုဏ်ပြုချင်လို့တဲ့"

"ဂုဏ်ပြုချင်တာများ အိမ်ခေါ်လိုက်လေ"

ကြည်ဖြူ ကိုငြိမ်းမောင် ကိုပြောလိုက်သည်။ကိုငြိမ်းမောင်က ညနေပိုင်းအပေါင်းအသင်းတွေနဲ့တွေ့ရင် အမြဲသောက်နေကြဖြစ်သည်။ ဒါကို ကြည်ဖြူမကြိုက်ပါ။

"မိန်းမကလည်းကွာ ဒီမှာဆိုပျင်းစရာကောင်းတာပေါ့"

"ဘာ ဒီမှာ ကြည်ဖြူတို့သားအမိတွေ ရှိတာ ပျင်းတယ်ပေါ့ "

"မဟုတ်ပါဘူး မိန်းမရာ မလိုက်ဖက်တာကို ပြောချင်တာပါ"

"ဒါဆို ရတယ်လေ ဒါပေမယ့်ကိုငြိမ်းမောင် ရှင်အရက်သောက်လာရင် အခန်းထဲမအိပ်ရဘူး"

ကြည်ဖြူ သူ့အား ခြိမ်းခြောက်လိုက်သည်။

"ကြည်ဖြူ မင်းမညစ်နဲ့လေ ကိုယ်မင်းကို သတိရနေတာ မင်းသိရဲ့သားနဲ့"

"အဲ့တာ ရှင့်ကိစ္စ ကြည်ဖြူကတော့ ပြောပြီးစကားအတည်ပဲ"

"ပြီးရောကွာ မသောက်ဘူး "

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now