အပိုင်း (၂၃)

3.3K 131 3
                                    

Unicode
~~~~~~

"ပြောပါဦး ရှင့်ရဲစိတ်ရှုပ်စရာတွေက "

တစ်ယောက်တည်း စိတ်ရှုပ်နေသောကိုငြိမ်းမောင်ကို ကြည်ဖြူရွဲ့မေးလိုက်သည်။ဒါကို သူကပြန်ဖြေရှာပါ၏။

"အရင်ဆုံး ကိုယ်ဝန်ခံချင်တာက.... ကိုယ်အလုပ်မှာ လောဘကြီးမိသွားပြီထင်တယ် ဆေးရုံက လူနာတွေနဲ့တောင် အချိန်မနည်းလုနေရတာကို စာသင်တဲ့အလုပ်တစ်ခုကို လက်ခံလိုက်မိတယ်လေ ကိုယ်မနိုင်ဝန်ထမ်းမိသွားတယ် အဲ့တော့ စိတ်ဖိစီးမှုတွေဝင်လာပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင် အထူးသဖြင့် ကိုယ့်ရဲ့မိသားစုကို ထိခိုက်စေမိပြီ"

ကိုငြိမ်းမောင်က တစ်ခါမှဒီလိုတွေမပြောဘူးသောကြောင့် ကြည်ဖြူဒီတိုင်းလေးနားထောင်မိသည်။

"ကိုယ်အသုံးမကျဘူးမလား"

တကယ်ကြီးကို စိတ်ဓာတ်ကျနေပုံရသည်။သူလောဘကြီးတာလည်း သူ့အပြစ်တော့မဟုတ်ပေ။တစ်ချိန်ချိန်မှာ Sunshine Hospital ကိုဆက်ခံရမည်ဖြစ်သောကြောင့် အဖက်ဖက်ကပြည့်စုံနေရမည်ဖြစ်သည်။ ဒါပေမယ့် မိသားစုကိုထိခိုက်လာသောကြောင့် နောင်ဒီလိုမဖြစ်ရအောင် ဆင်ခြင်ခိုင်းရမည်။

"ရှင်က  ဆရာဝန်ကောင်းနဲ့ခင်ပွန်းကောင်းတစ်ယောက်ပါ ဒါပေမယ့် ဖခင်ကောင်းဖြစ်ဖို့တော့ ဆက်ကြိုးစားရဦးမယ် နောက်တစ်ခါ ကလေးတွေကို အရမ်းမအော်နဲ့ လက်ပါဖို့ဆိုဝေလာဝေးနော် ဒီတစ်ခါ ကြည်ဖြူသည်းခံမှာမဟုတ်ဘူး"

"ကျေးဇူးတင်ပါတယ် မိန်းမရယ်"

သူအားမျက်စောင်းချိတ်ကာ ပြောဆိုသော ကြည်ဖြူ့အား ပြုံးပြကာ ဖက်၍ပြော လိုက်၏။သူ့ချစ်ဇနီးလေးက တကယ်ကို ကောင်းတိုင်ပင်ဆိုးတိုင်ပင်ကလေးပါ။ သူအရမ်းချစ်ရပါသည်။

=====

ဒီနေ့ငြိမ်းမောင် ခွင့်ယူကာ အတာ့ကို ဆေးရုံသွားပြမည်ဖြစ်သည်။သူ အင်္ကျီပုဆိုးသေချာဝတ်လိုက်ပြီး အမြွှာနှစ်ယောက်အတွက် ပြင်ဆင်ပေးနေသော ကြည်ဖြူကိုလှည့်ကြည့်ကာ

"ကြည်ဖြူ ကိုယ်အရင်ဆင်းနှင့်တော့မယ် အတာစောင့်နေလောက်ပြီ"

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now