အပိုင်း (၂၀)

3.2K 136 0
                                    

Unicode
~~~~~~

"ရန်ငြိမ်းမောင် နဲ့ အတာငြိမ်းမောင် သားတို့ရေ ဖွားပု ထမင်းခူးထားပေးတယ် သွားစားကြတော့"

"မေမေ သားသားနဲ့ညီလေး ထမင်းမစားသေးဘူး"

"သားကြီးနော် ဖွားပုက ပြင်ထားတယ်လေ ပြီးတော့ အချိန်နဲ့စားရမယ်လို့ မေမေမပြောထားဘူးလား"

"ဟုတ်"

သားကြီးက ကြီးလာလေအဆော့မက်လာလေဖြစ်သည်။ကြည်ဖြူလည်း သားတွေပဲမွေးထားတော့   တစ်နေ့နဲ့တစ်နေ့ ပြောရဆိုသည်။ သားကြီးက သူ့ညီအတာကိုပါ ခေါ်တော့ အတာကကြည်ဖြူ့ဘက်လှည့်ကာ

"မေမေ သားသားဆော့"

"အတာလေးက လိမ္မာတယ် ကိုကြီးနောက်လိုက်သွား ပြီးမှ ပြန်ဆော့နော်"

ကြည်ဖြူချော့ပြောလိုက်တော့ အတာက သူ့အစ်ကိုနှင့် အခန်းထဲမှထွက်ကာ ထမင်းသွားစားကြလေ၏။

သားနှစ်ယောက်ထွက်သွားတော့ ကျန်သားနှစ်ယောက်ကို ရေပတ်တိုက်ပေးလိုက်သည်။အမြွှာနှစ်ယောက်က သူတို့အစ်ကိုတွေလို ဖောင်းဖောင်းလေး မဟုတ် နှစ်ယောက်စလုံး  ပိန်ပိန်ပါးပါး ဖြစ်သည်။

"ကိုငြိမ်း ဒီပိတ်ရက်ရောက်ရင် မြေးတို့ဆီသွားမယ်နော် "

"မင်းသွားချင်ရင် မင်းဘာသာမင်း သွားလေ "

"ကျွန်မက အဖော်ခေါ်တာပါ လိုက်ခဲ့ပေးပါ နော် "

"မင်းမသွားရဲတာမလား သမီးကအခုချိန်ထိမင်းကို စကားမပြောသေးဘူးလား"

"ဟုတ်တယ်  ကျွန်မကိုစကားမပြောတာ ၅ နှစ်လောက်တောင်ရှိသွားပြီ ကြည်ဖြူက သိပ်ကို မာနကြီးတာပဲ ကတော်ပီသပါတယ်"

"ဒါဆို မင်းချွေးမက မင်းနဲ့တူတာပေါ့"

ဒေါ်ကေခိုင် ညီးညူကာ ပြောလိုက်တာကြောင့် သာမအားလာရွဲ့နေသော ခင်ပွန်းဖြစ်သူကို ထမင်းစားနေရင်းနဲ့ပင် မျက်စောင်းထိုးလိုက်သည်။

သားဖြစ်သူက ချွေးမကို သိပ်ချစ်မှန်းသိသာလွန်းပါသည်။မယားက သူမတို့နှင့်မနေလိုတော့ပါဟု ပြောလိုက်တာနဲ့ အိမ်ချက်ချင်းဝယ်ပေးလိုက်တာပဲ ကြည့်ရင်သိနိုင်ပါသည်။ထို့ကြောင့် သားချစ်တဲ့ချွေးမကို သူမသည်လည်းချစ်ရပေတော့မည်။

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now