အပိုင်း (၁၂)

3.8K 139 2
                                    

Unicode
~~~~~~

အဲ့နေ့က စပြီးကြည်ဖြူက သူအိမ်ပြန်ရောက်တာနဲ့  သိသိသာသာရော မသိမသာရော ဟိုစစ်ဒီစစ်လုပ်ပါသည်။ ကြည်ဖြူ့ကို စိတ်လုံခြုံမှုမပေးနိုင်ခဲ့သောကြောင့် သူ့ကိုယ်သူအသုံးမကျဘူးလို့တောင် ခံစားမိလာလေသည်။

"ကြည်ဖြူ နှိပ်ပေးတာသက်သာလား"

"မနှိပ်ပေးလည်း ရပါတယ်ဆို ရှင်ကြည်ဖြူ့ကို စိတ်ပျက်နေပြီမလား"

"ဘာလို့အဲ့လိုထင်ရတာလဲ ချစ်လို့တောင်မဝတာကို ကြည်ဖြူအဆင်ပြေဖို့ကိုပဲ စဥ်းစား ကျန်တာဘာမှမစဥ်းစားနဲ့  ဟုတ်ပြီလား"

"ဟုတ်"

အိပ်ရဝင်ခါနီး ကြည်ဖြူ့ကိုနှိပ်ပေးရင်း စကားတွေပြောဖြစ်ကြသည်။တစ်နှစ်ကျော်လာသောသားကြီးကတော့ သူဝယ်ပေးထားသော ဂျောက်ဂျက်ဖြင့် ကစားနေပါသည်။

"ဖေ မေ  သားသား ဆော့"

"သားသားမဆော့ရတော့ဘူး လာ မေမေတို့နဲ့အိပ်ရတော့မယ် "

သားကြီးက သူဆော့ချင်သေးတဲ့အကြောင်းပြောတော့ ကြည်ဖြူ ဟိုးထားခိုင်းသည်။ ထိုအခါသားက မျက်နှာကြီး စူပုတ်နေလေ၏။သားမျက်နှာကိုကြည့်ပြီးနှစ်ယောက်စလုံး ရယ်လိုက်ကြသည်။

"ဒေါ်ဒေါ် ဝင့်ဝါလေ ကျော့မြိုင်ဆိုတဲ့လူကို မယူချင်ဘူး ဝင့်ဝါရဲ့အဖေကို နားချပေးပါဦး "

ဝင့်ဝါ ဒေါ်ဒေါ် ကေခိုင်ကို အပူကပ်ရသည်ကိုကိုကြီးနဲ့လွဲခဲ့ရပေမယ့် အခြားသူနဲ့တော့မယူနိုင်ပါ။ ကိုကိုကြီးက အခုဆိုအရမ်းပြတ်သားပါ အရင်တုန်းကတောင် ဒီလောက်မဟုတ်ပါ စိတ်ထဲမကောင်းဖြစ်မိသော်လည်း ဝင့်ဝါသူများယောင်္ကျားလုတဲ့ မိန်းမတော့အဖြစ်မခံနိုင်ပါ။အဲ့နေ့က ဝင့်ဝါကို နှုတ်မဆက်သောကြောင့် ကလေးဆန်စွာနောက်ပြောင်ခဲ့မိပါသည်။

"ဒေါ်ဒေါ်ပြောလည်း ရပါ့မလား သမီးအဖေက စကားပြောထားပြီးသွားပြီ ပြီးတော့ သမီးမေမေလေးရဲ့တူပဲကို"

"အဲ့မေမေလေးကလေ ဘာတွေကြံစီထားမှန်းမသိဘူး မေမေလေးတူဖြစ်နေ လို့ကို ပိုပြီးမယူချင်တာ ဟူးးးးစိတ်ညစ်လိုက်တာ ဒေါ်ဒေါ်ရယ်"

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now