အပိုင်း (၁၈)

3.1K 135 2
                                    

Unicode
~~~~~~

"ကိုမိုးကျော် မနက်ဖြန် ကျွန်မမြေးလေးတွေ လာမှာ အဲတာ ငါးလတ်လတ်ဆတ်ဆတ်လေးကျွေးချင်တယ် ရှင်ရှာထားပေး"

"အေးပါကွာ ငါသီဟကိုပြောထားမယ် သူက မနက်ပိုင်း ပိုက်သွားဖော်တယ် မင်းမြေးတွေငါးစားရမှာ စိတ်ချ"

"ဒါဆိုလည်းပြီးရော ပြီးတော့ သမီးက နောက်တစ်ဗိုက်ရှိနေတယ်တဲ့ "

"ဟုတ်လား ကလေးကိုဘယ်မှာမွေးမလဲမသိဘူး"

"ကျုပ်လည်း မသိသေးဘူး သမီးလာမှ မေးကြည့်မယ်"

ဦးမိုးကျော် တို့လင်မယား အထူးသဖြင့် ဒေါ်ခင်ရီက မြေးတွေလာလည်မှာ ဖြစ်လို့ အလွန်ပျော်ရွှင်နေပါသည်။.

"သို့/ ကိုငြိမ်းမောင်

ဒီအတောအတွင်း အဆင်ပြေရဲ့လား ။ ကြည်ဖြူတို့သားအမိတွေကတော့ အဆင်ပြေပါတယ်။သားကြီးရဲ့မွေးနေ့ကို မိဘမဲ့ဂေဟာမှာ အလှူသွားလုပ်ပေးခဲ့တယ်။ ပြီးတော့ ကြည်ဖြူ့မှာ ကိုယ်ဝန်ထပ်ရှိနေပြီ ရှေ့လ ကမှ သိခဲ့ရတာ အခုဆိုဗိုက်က ၃လ ကျော်လာပြီ မနက်ဖြန်ဆို သားတွေနဲ့ ဇီးဖြူကုန်းကို အလည်ပြန်မလို့ အတာမမွေးကတည်းက သူ့ အဖိုးအဖွားတွေနဲ့တစ်ခါပဲတွေ့ရသေးတာလေ ကြည်ဖြူအဲ့မှာ ကလေးပြန်မွေးဖို့စဥ်းစားထားတယ် အလုပ်တွေကိုတော့ မှေးလုပ်ထားရမှာပေါ့...........
..."

ကြည်ဖြူ ကိုငြိမ်းမောင်ကို စာပို့ဖို့ရန် စာတွေရေးနေပါသည်။ခုံပေါ်ကရေဒီယိုမှ တင်ဆက်လာသော သီချင်းများကလည်း ကိုငြိမ်းမောင် ကိုလွမ်းစေသောကြောင့် သူ့ရဲ့ကိုယ်ပွားလေးနှစ်ယောက်၏ပါးကို မွှေးကြူလိုက်မိသည်။

======

ငြိမ်းမောင် သင်ခန်းစာတွေကို လေ့လာပြီး ခေါင်းအုံး အောက်က စာအိတ်ကလေးကို ယူကာ ထိုင်ဖတ်လိုက်သည်။ ကြည်ဖြူကိုယ်ဝန်ထပ်ရတာလား သူသိပ်ပျော်ပါသည် သို့ပေမယ့် ကြည်ဖြူကလေးမွေးပြီး အချိန်တစ်ခုအကြာမှ သူပြန်ရောက်မှာဖြစ်သည်။ ကြည်ဖြူ့စာတွေကိုဖတ်ပြီး ငြိမ်းမောင်လည်း စာပြန်ဖို့ရန် ရေးလေ၏။

ကြည်ဖြူ့မိဘတွေဆီရောက်တာ ၃ရက်ရှိပြီ ဖြစ်သည်။မနက်ဖြန်ဆို မြို့ပြန်တက်ဖို့ရှိသောကြောင့် သားတွေကို ပြန်ခေါ်သွားရမည်ဖြစ်သည်။ဒီမှာ ထားခဲ့ပါက အဆင်ပြေသော်လည်း ကြည်ဖြူ့သားတွေနဲ့မခွဲနိုင်ပါ သူတို့အဖေနဲ့ပါခွဲနေရတာဖြစ်လို့ သားတွေတော့မဖြစ်နိုင်ပါ။

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now