အပိုင်း (၆)

5.1K 156 0
                                    

Unicode
~~~~~~

"ကိုငြိမ်းမောင် ဆေးဘူးကဘာလုပ်တာလဲ "

"အာ ကိုယ်အစာကြေဆေးစားမလို့ ကြည်ဖြူဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး အမေနဲ့စျေးခဏသွားဦးမယ်"

ကြည်ဖြူကပြောလည်းပြော လက်ကလည်း အင်္ကျီလက်ရှည်ယူကာ ပြောပြီး ထွက်သွားလေသည်။

"ကဲ  ဒီဖက်မှာ ဝက်သားတွေလတ်တယ်နော် "

"ဒီဖက်မှာ ငါးတွေလတ်လတ်ဆတ်ဆတ်ရတယ်နော် ယူကြဦးမလား"

ကြည်ဖြူတို့ စျေးထဲသို့ဝင်လိုက်တာနဲ့ စျေးသည်များရဲ့စျေးရောင်း သံများဖြင့် စည်ကားနေပါသည်။

"ဝက်ဆီဖတ်ဘယ်စျေးလဲ"

"အရှေ့က ၃၀၀ ဒါကအကောင်းစား ၅၀၀ပါ အဒေါ် "

"၃၀၀ စျေးကို နှစ်တယ်သားယူမယ် အိတ်ပေးငါရွေးမယ်"

အမေက သူမအရှေ့မှဖြတ်ကာ ဝက်ဆီဖတ်ဝင်ဝယ်နေပါသည်။ ထိုအတူ ရွေးနေရင်း စျေးသည်အခြားတစ်ဖက်ကို စကားလှည့်ပြောနေတုန်း အမေက ၅၀၀စျေး ထဲမှ သုံးဖတ်ကိုယူကာ အိတ်ထဲထည့်လိုက်သည်ကို ကြည်ဖြူက မြင်လိုက်တော့ မျက်လုံးပြူးသွားပါသည် စျေးသည်သိသွားရင် ဘယ်လိုလုပ်မလဲ ဒါမျိုးတော့မလုပ်ကောင်းပါ။
စျေးသည် နှစ်ဆယ်သားချိန်ပေးပြီးမှသာ ကြည်ဖြူအသက်ရှူချောင်သွားရသည်။

ကြည်ဖြူဖြစ်နေသည့်ပုံကို မြင်သွားသောအမေသည် သူမအား အပြင်သို့ ဆွဲခေါ်လာကာ

"ငါအခုနတုန်းက လုပ်သွားတာကို ညည်းမြင်လိုက်တယ်မလား "

ကြည်ဖြူခေါင်းညိမ့်လိုက်သည်။

"လုပ်သင့်လိုလုပ်တာ အဲ့ဆိုင်ကအမြဲအလေးခိုးနေကျ ညည်းကို အိမ်ပြန်ရောက်ရင် ငါချိန်ပြမယ် အခုတော့ ဆက်ဝယ်ရဦးမယ်လိုက်ခဲ့"

ဝယ်လိုက်တဲ့စျေးတွေ ၇နာရီက သွားတာ ၈နာရီမှအိမ်ပြန်ရောက်ခဲ့ကြသည်။ အိမ်ပြန်ရောက်တော့ အမေချိန်ပြတာကို ကြည့်ပြီး သဘောပေါက်သွားသည် တကယ်လည်း အလေးက တော်တော်လျော့နေတာပါ။

===

"ကြည်ဖြူ ကိုယ်အလုပ်သွားတော့မယ် ကိုယ့်ပစ္စည်းတွေထုတ်ထားပေးပါဦး "

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now