အပိုင်း (၂၅) End

5.9K 167 16
                                    

Unicode
~~~~~~

နောက်တစ်နေ့ ဆေးရုံကို ဗိုက်သွားအပ်ရသည်။ ကိုငြိမ်းမောင်ရဲ့မျက်နှာကတော့ မှိုရသလို ပြုံးလျက် နေလေ၏။၄နှစ်ကျော်ကြာမှ ပြန်ပြီးကိုယ်ဝန်ဆောင်တာဖြစ်လို့ ကြည်ဖြူ့ကို အရမ်းဂရုစိုက်နေပါသည်။

"မိန်းမ ဘာလို့ကိုယ့်အဝတ်တွေ လျှော်နေရတာလဲ ကိုယ်လျှော်လိုက်မယ်ထားခဲ့"

"ပြီးတာပဲ ရှင်ပဲလျှော်ရမှာနော် ဘယ်သူမှမလျှော်ခိုင်းနဲ့"

"အေးပါကွာ လာခဲ့တော့ သားတွေကျောင်းသွားဖို့ မင်းကိုယ်စောင့်နေတယ်"

သူခေါ်တော့ ကြည်ဖြူ အိမ်အောက်သို့ ဆင်းသွားခဲ့သည်။သားတွေ အားလုံးက ကျောင်းတက်နေကြပြီဖြစ်လို့ သူတို့ ဝေယျာဝစ္စ တွေလုပ်ပေးရသေးသည်။

"သားကြီး သားလေး သားငယ်နဲ့သားငယ်လေး သားတို့ ချိုင့်တွေ လာယူလို့ရပြီနော်"

ကြည်ဖြူခေါ်တော့ သားတွေက ငယ်စဥ်ကြီးလိုက်တန်းစီပြီး သူတို့ထမင်းချိုင့်ကို လာယူကြသည်။

"သမီး ဗိုက်က ဘယ်နှစ်လတဲ့လဲ "

"နှစ်လကျော်ပြီအမေ ဒါနဲ့ အဖေကဘယ်လိုဖြစ်လို့ နေမကောင်းဖြစ်သွားရတာလဲ"

"ရေချိုးမှားတာသမီးရေ ညည်းအဖေက ပြောရဆိုရခက်တယ်"

"အမေ့ ရအောင်ပြောပေါ့ ကိုငြိမ်းမောင်ကို ကြည်ဖြူ အမေတို့အတွက် အဆင်ပြေမယ့်အားဆေး မှာထားတယ် အမေတို့သောက်ဖြစ်အောင်သောက်နော်"

"အမေတို့ ဒီအတိုင်းလည်းအဆင်ပြေပါတယ် သမီးရယ်"

"အမေကလည်း ကြည်ဖြူ့ကို စိတ်မကောင်းဖြစ်စေ
ချင်လို့လား"
"အမလေး အမလေး စိတ်မကောင်းတော့မဖြစ်လိုက်ပါနဲ့တော် သောက်ဆိုသောက်ပါ့မယ် ဒီဗိုက်လေးက မိန်းကလေးများလားမသိဘူးနော် မအေက မချွဲဖြစ်နေလို့"

"အမေကလည်း"

ကြည်ဖြူက မောင်နှမ မရှိသောကြောင့် မိဘတွေကို အရမ်းခင်တွယ်ပါသည်။ကြည်ဖြူ့ သားသမီးတွေအလှည့်ရောက်ရင် တစ်ယောက်တည်းမျက်နှာမငယ်ရအောင် မောင်နှမအချင်းချင်း မနာလိုစိတ်မရှိရအောင် သူတို့လေးတွေကို မျှမျှတတဆက်ဆံပြီး အချင်းချင်းချစ်ကြအောင် ကြည်ဖြူ အတတ်နိုင်ဆုံးပုံသွင်းထားပါသည်။

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now