အပိုင်း (၁၀)

4.4K 154 7
                                    

Unicode
~~~~~~

"ကြည်ဖြူရေ ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ့်ကိုတံခါးလေးဖွင့်ပေးပါဦး ကြည်ဖြူ ဒေါက် ဒေါက်"

ကြည်ဖြူသူ့ကို စိတ်ဆိုးမိပါသည် ကလေးစောစောမရနိုင်ဘူးဟု သူကဆရာဝန်ပီပီပြောထားသောကြောင့် သူမစိတ်ချလက်ချနေခဲ့ခြင်းဖြစ်သည်။ နောက်မှ သူဝန်ခံခဲ့ပါသည် ကလေးထပ်လိုချင်လို့ ရည်ရွယ်ချက်ရှိရှိ ကြည်ဖြူ့အား ပြောခဲ့ခြင်းဖြစ်သည်တဲ့။

"အဲ့မှာ အပြင်မှာတစ်ယောက်တည်းနေ ကြည်ဖြူက ကလေးမွေးစက်လား ဟမ်!"

"ကိုယ့်ကလေးကိုယ်မွေးတာပဲ ကြည်ဖြူရယ် မချစ်ဘူးလား ကလေးကို"

"အို ကြည်ဖြူ့ကလေး ကြည်ဖြူချစ်တာပေါ့ ရှင့်လုပ်ပုံကဟုတ်လို့လား! ကလေးက ၅လပဲရှိသေးတာရှင့် "

ကြည်ဖြူအသံထပ်ကျယ်ချင်ပေမယ့် ပြန်လျော့လိုက်ရသည် သားကိုသိပ်နေရင်ဖြစ်သည်ကို သတိရကာ သားကိုကြည့်တော့ သားကပါးစပ်ဖိကာ ငိုရန်ပြင်နေပြီဖြစ်သည်။

"အေးပါသားရယ် မေ့သားလေးလန့်သွားတယ်မလား တိတ်တိတ် မေမေ ချိုချိုတိုက်မယ်လေ"

သားကနို့တိုက်လည်း မရတော့ အခန်းတံခါးဝကို လက်ကန်းကာ ဂျီကျနေပြီဖြစ်သည်။ ထိုအခါ ကြည်ဖြူစိတ်လျှော့ကာ

"အဖေချစ်သားလားမင်းက "

ကြည်ဖြူ တံခါးသွားဖွင့်လိုက်တော့ သူကတိုးဝင်လာကာ

"ကြည်ဖြူ စိတ်ဆိုးပြေပြီမို့လား"

"အပိုမပြောနဲ့ ရှင့်သားရှင်ချီ အင့်"

ငြိမ်းမောင် က ကြည်ဖြူပေးလိုက်သောသားကို ချီလိုက်သည်နှင့် သားက တခစ်ခစ်ရယ်နေပါတော့သည်။

"အဖေ့သားက လူလိမ္မာလေးပဲကွာ"

သားအဖနှစ်ယောက်ကို ကြည့်ကာ သူအမြင်ကပ်နေသော်လည်း သူ့ဆီသားကို ခဏလွတ်ထားပြီးမှ သားကိုပြန်ချီကာ နို့တိုက်တော့ သားကစို့ကာ အိပ်တောင်ပျော်တော့မည်ဖြစ်သည်။

"ကိုယ့်သားက တကယ်ကိုရန်ငြိမ်းမောင်ပဲကွာ "

နို့သောက်နေသော သားအား သူကြည့်ကာ သူပါအာခေါင်ခြောက်လာရသည်။ ဒါကို ရိပ်မိသော ကြည်ဖြူက

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now