အပိုင်း (၁၃)

3.6K 131 1
                                    

Unicode
~~~~~~

"ကိုမိုးကျော် မြေးကိုကြည့်ဦး ချစ်ဖို့ကောင်းနေတာ"

"ငါကြည့်ပြီးပါပြီကွာ မင်းကိုက မြေးရူး ရူးနေတာ"

"ရှင်နော် "

ကြည်ဖြူ့ မိဘတွေက သားလေးအား ဒီနေ့မနက်လာရောက်ကြည့်ရှူကြခြင်း ဖြစ်သည်။

"ဒါနဲ့သမီး မောင်ငြိမ်းမောင် ရော"

"ကိုငြိမ်းမောင်က အိမ်မှာသားကြီးကို ပြန်ခေါ်တယ်အဖေ "

"ကလေးနှစ်ယောက်ဖြစ်သွားပြီဆိုတော့ ညည်းတို့ အဆင်ပြေလား အမေရွာက ကလေးမတွေခေါ်ပေးရမလား"

"ရလားအမေ ကြည်ဖြူလည်း တစ်ယောက်ခေါ်တော့မလို့ "

"မလုံးတင်ရဲ့သမီး မိထွေးကို  ပို့ပေးလိုက်မယ် မိထွေးက အလုပ်လိုချင်တယ်တဲ့ အမေ့ကိုပြောဖူးတယ်"

"ဟုတ်အမေ အဆင်ပြေသလို လုပ်ပေးပါ"

ကလစ်

"သားရေ မေမေ့ကို ပြောလိုက်  မေမေ သားသားရောက်ပြီလို့"

"မေ့ သားသားရောက်"

"အဖေနဲ့အမေ မင်္ဂလာပါ"

မိဘတွေနဲ့ ကြည်ဖြူစကားပြောနေတုန်း ကိုငြိမ်းမောင်နဲ့ သားကြီးကရောက်လာသည်။ ထို့နောက် ကိုငြိမ်းမောင်က သားကြီးကို သားလေးဘေးနားခေါ်လာပြသည်။

"သားကြီး ညီညီလေးလို့ခေါ်လိုက်ဦး"

ကိုငြိမ်းမောင်က သားကြီးအားပြောခိုင်းတော့ သားကြီးက မျက်လုံးလေး ပေကလက်ဖြစ်နေလေ၏။ထို့နောက်သားကြီးက ကိုငြိမ်းမောင်အားကြည်ကာ

"ညီယေး"

ဟုပြောပြီး သားလေးအားပြန်ကြည့်လိုက်သည်။

"ဒါနဲ့ကြည်ဖြူ မြေးလေး နာမည်ကို ဘာပေးမယ်စဥ်းစားထားလဲ"

"သူ့အဖေပေးထားပေးတယ်အမေ သကြင်္န်မှာမွေးလို့ အတာတဲ့ အတာငြိမ်းမောင်"

"သိပ်ကောင်းတဲ့နာမည်ပဲ မောင်ငြိမ်းမောင်က နာမည်ပေးတတ်တာပဲလား"

"မဟုတ်တာ  ဒီတိုင်း တိုက်ဆိုင်လို့ပေးလိုက်တာပါအမေ"

ငြိမ်းမောင် နာရီသို့ တစ်ချက်ကြည့်လိုက်တော့ လူနာကြည့်ရန်အချိန်နီးကပ်လာပြီဖြစ်သည်။

သံယောဇဥ်မိုးများ ရွာသောအခါOù les histoires vivent. Découvrez maintenant