အပိုင်း (၁၅)

3.4K 128 1
                                    

Unicode
~~~~~~
"သားသားရေ ဖေ့သားလေးရေ ဖေဖေ့ကို သတိရနေတာလား သားက"

အိပ်နေရင်း အသံတွေကြောင့် ကြည်ဖြူ နိုးလာရသည်။ ကုတင်ခြေရင်းပိုင်းမှာ ကြည့်လိုက်တော့ ကိုငြိမ်းမောင် နဲ့ အတာငြိမ်းမောင်တို့ ကစားနေကြတာဖြစ်သည်။ နေပါဦး ဒီလူက ညတုန်းကအိမ်က ထွက်သွားတာ မဟုတ်ဘူးလား၊

အဟမ်း

ကြည်ဖြူနိုးလာတာတွေ့တော့ သူတစ်ချက်ဟမ့်လိုက်သည်။

"ကိုယ့်သားကို လာကြည့်တာ"

ကြည်ဖြူ သူ့ကိုကြည့်ပြီး ဘာစကားမှမပြေဘဲ ရေချိုးခန်းထဲဝင် သွားလိုက်သည်။

ငြိမ်းမောင် ရေချိုးခန်းထဲဝင်သွားသော ကြည်ဖြူအားကြည့်လိုက်သည်။ ညက ပုံမှန်မဟုတ်သော စ်တ်တို့ကြောင့် သူအိမ်ကထွက်သွားသော်လည်း မနက်ရောက်တော့ ကြည်ဖြူ့ကိုသူမခွဲနိုင်ပါ၊ ထို့ကြောင့် သားတွေကို အကြောင်းပြကာ ခဏခဏလာမည်ဟု ဆုံးဖြတ်ကာ လာခြင်းဖြစ်သည်။

မနက်က အခန်းကို   ဝင်ဝင်ချင်း အပြစ်ကင်းစင်လှသော သူမလေးကိုတွေ့လိုက်ရသောကြောင့် နဖူးကိုတစ်ချက်နမ်းလိုက်သေးသည်၊ ဘေးကသားလေးက လှုပ်တုတ်လှုပ်တုတ်ဖြင့်နိုးနေသော်လည်း ကလေးအမေက နိုးမလာသေးပေ၊သားကြီးကတော့ အိပ်ပျော်နေဆဲဖစ်သည်။

ရေချိုးခန်းရောက်မှ အိပ်ယာထနောက်ကျနေမှန်း သတိရသွားသည်။ ညက ကိုငြိမ်းမောင်ကို ပြောဆိုတာ ကြည်ဖြူ့ ဘက်ကအနည်းငယ်လွန်သွားမှန်း စိတ်ငြိမ်သွားတဲ့အချိန်ရောက်မှ တွေးတောနိုင်ခဲ့သည်။သို့ပေမယ့် ကြည်ဖြူ့ကို လှည့်စားခဲ့တာ အမှန်ဖြစ်ခဲ့သောကြောင့် ဒေါသထွက်နေပါသေးသည်။ အဆိုးထဲက အကောင်းကိုပြောရရင် မြိုသိပ်ထားနေတာတွေကို ဖွင့်ပြောလိုက်သောကြောင့် စိတ်ပေါ့ပါးလာခဲ့သည်၊ မဟုတ်ရင်ဒီပုံစံအတိုင်းဆို ကြည်ဖြူရူးသွားနိုင်ပါ၏။

အဲ့ဒီအတွက် ကိုငြိမ်းမောင် ကို မုန်းလားဆိုရင် ကြည်ဖြူမမုန်းနိုင်ပါ။ အကြောင်းပြချက်မရှိပဲ ကိုငြိမ်းမောင်ကို ချစ်ခဲ့တာဖြစ်လို့ သူကြည်ဖြူ့အပေါ် အပြစ်လုပ်ခဲ့တာတွေကြောင့်တော့ သူ့ကို မမုန်းနိုင်ပါ။ မုန်းဖို့အတွက် ချစ်ခဲ့တာမှမဟုတ်ပဲ။

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now