အပိုင်း (၉)

4.5K 171 7
                                    

Unicode
~~~~~~

"ရှင်ဘာလာလုပ်တာလဲ ကိုငြိမ်းမောင်"

"ကိုယ့်အမေအစား ကိုယ်တောင်းပန်ပါတယ်ကြည်ဖြူရယ် ကိုယ့်ကို မထားခဲ့ပါနဲ့ကွာ"

"ရှင့်လက်ကိုဖယ် ဘာလုပ်တာလဲ"

ကြည်ဖြူ့အခန်းထဲက ကုတင်ပေါ်နှစ်ယောက်သားစကားပြောနေရင်း လာဖက်နေသောကြောင့် သူ့လက်ကိုရိုက်ထုတ်လိုက်သည်။

"မင်းက တစ်လကျော်ကြီးများတောင်ကိုယ့်ကို ထားသွားတာကိုး "

"အဲ့တာ ဘယ်သူ့အမေကြောင့်လဲ ရှင်ကတော့ တစ်နေကုန်အလုပ်သွားနေတာ ဘယ်သိမလဲ အိမ်မှာ ကျန်ခဲ့ရတဲ့ကျွန်မက ရှင့်အမေရဲ့မာနထောင်လွှားနေတာတွေကို သည်းခံခဲ့ရတာ! ရှင့်အမေကိုသည်းမခံနိုင်တော့ဘူး"

"ဒီကိစ္စက ကိုယ့်အမေအမှားမှန်းသိပါတယ် ကိုယ်နဲ့ပြန်လိုက်ခဲ့ပါကွာ နော် ကြည်ဖြူ ကလေးမွေးတော့မှာလေ"

"ပြန်ချင်တစ်ယောက်ထဲပြန် ကျွန်မကလေးကို ဒီမှာပဲ မွေးမှာ"

"ဘယ်ရမလဲကြည်ဖြူ ဒီမှာမမွေးရဘူး ကိုယ်သဘောမတူဘူး"

"ရှင်သဘောမတူတာ ရှင့်ကိစ္စလေ! ဒီမှာ ကလေးမွေးတာမမြင်ချင်ရင် ရှင့်အိမ်ရှင်ပြန်"

ငြိမ်းမောင် ပြောမရသည်မို့ စိတ်လျော့ထားလိုက်ရသည်။

"အင်းပါ မိန်းမသဘော ကိုယ့်ကိုတော့ မနှင်ပါနဲ့နော် ကိုယ်မင်းကိုမခွဲချင်ဘူး"

ကြည်ဖြူ့အားပြောကာ ဖက်ထားသော ကိုငြိမ်းမောင်ကို ဒီတစ်ခါတော့ မငြင်းဆန်တော့ပါ။ အမေကိုဒေါသဖြစ်နေပေမယ့် သားကိုတော့ ချစ်ရသည်ကိုး။ စောင့်ကြည့်နေ ကြည်ဖြူးမွေးလာမည့်ကလေးကို ဒေါ်ကေခိုင်အား ပေးတွေ့မည်မဟုတ်။ အဖိုးအဖွားက တစ်ဖက်တည်းရှိတာမဟုတ် ကြည်ဖြူ့မိဘတွေလည်းရှိပါသည်။

"ကြည်ဖြူရေ!မောင်ငြိမ်းမောင် နဲ့ ထမင်းလာစားတော့"

"အမေခေါ်နေပြီလွတ်တော့"

အမေခေါ်နေပြီဖြစ်လို့ ဖက်ထားသည်ကို လွတ်ရန်ပြောတော့ မလွတ်ချင်လွတ်ချင်ဖြင့်လွတ်လိုက်ပုံက သနားစရာပါ။

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now