အပိုင်း (၂၄)

3.3K 138 8
                                    

Unicode
~~~~~~

အခုဆိုရင် သားကြီးရန်ငြိမ်းမောင်က ကျောင်းစတက်နေရပြီဖြစ်သည်။ အတာငြိမ်းမောင်ကိုတော့ မူကြိုစထားနေပြီဖြစ်သည်။ အငယ်လေးနှစ်ယောက်ကတော့ ကြည်ဖြူကြည့်ထားရတုန်းဖြစ်သည်။

ကြည်ဖြူ့အလုပ်တွေကလည်း လက်ထောက်ရှိနေပြီဖြစ်၍ အရင်လို လူကိုယ်တိုင် ဝင်လုပ်စရာသိပ်မလိုတော့သောကြောင့် သားတွေနဲ့အတူရှိချိန်က ပိုများလာသည်။ထိုနည်းတူစွာ ကိုငြိမ်းမောင်က အခုဆို စာသင်တဲ့အလုပ်ကို ဖြုတ်လိုက်သောကြောင့် မိသားစုကို အရင်လိုအချိန်ပြန်ပေးနိုင်ပြီဖြစ်သည်။

ငြိမ်းမောင် ဆေးရုံတွင် တစ်နေကုန်အလုပ်လုပ်ပြီး ညနေအိမ် မပြန်ခင် သားကြီးနဲ့သားလေးမှာလိုက်သော မုန့်နှင့်ဆော့စရာများ ကိုဝယ်ပေးပြီးမှ အိမ်ပြန်လာသည်။

"ဖေဖေ ပြန်လာပြီလား"

"ဖေဖေ သားတို့အတွက် အရုပ်ပါလား"

ငြိမ်းမောင်အိမ်ထဲသို့ ဝင်ဝင်ချင်း အိမ်ရှေ့တွင် ကစားနေကြသော သားနှစ်ယောက်က စီးကြိုပေးသည်။

"ပါတာပေါ့ဗျာ သားတို့မေမေနဲ့ ညီလေးတို့ရော"

"မေမေက ညီညီလေးတို့ကို ထမင်းကျွေးနေတယ်"

"ဟုတ်လား အတာတို့ရော ထမင်းစားပြီးပြီလား"

"စားပြီးပြီဖေဖေ"

" ပေါက်ကရတွေနော် အတာ"

အတာရဲ့စားပြီးပြီဆိုသော စကားကို ကြည်ဖြူ အမြွှာနှစ်ယောက်ကို ထမင်းကျွေးနေရင်း ဝင်ထောက်လိုက်သည်။

"သား ဖေဖေ့ကိုစတာလေ မေမေ"

"ဟုတ်ကဲ့ပါရှင် ကိုငြိမ်းမောင် ရေချိုးတော့လေ ကြည်ဖြူ ထမင်းဝိုင်းပြင်လိုက်တော့မယ်"

"ဒါဆိုကိုယ်ရေချိုးလိုက်မယ် သားတို့ ခဏစောင့်"

"ဟုတ်ကဲ့ဖေဖေ"

"ဖေဖေ ရေအကြာကြီး မချိုးရဘူးနော်"

"အဟားဟား ဟုတ်ကဲ့ပါဗျာ"

ကိုငြိမ်းမောင် ရောကြည်ဖြူရော သားကြီးရဲ့စကားကြောင့် ရယ်လိုက်ကြသည်။တကယ်ဆို ဒီစကားက ကြည်ဖြူ ကိုငြိမ်းမောင် ရေချိုးတဲ့အခါတိုင်း ပြောနေကြစကားပါ။ သားကြီးက ကြားတော့ လိုက်ပြောနေခြင်းဖြစ်သည်။

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now