Extra၂

3K 116 5
                                    

Unicode
~~~~~~

ကြည်ဖြူတို့ သားကြီးရဲ့လက်ထပ်ပွဲအတွက် ဇီးဖြူကုန်းသို့ မိသားစုလိုက် မနက် ကတည်းကရောက်လာခဲ့ကြသည်။ သားကြီးလက်ထပ်မည့် မိန်းကလေးက ကျန်းမာရေးမှူးရဲ့သမီး စုစု ဖြစ်သည်။ ငယ်ငယ်ကမတည့်ကြဘဲ ဘယ်လိုပုံစံဖြင့် နဖူးစာရွာလည်ကြလဲ မသိ အခုတော့ လက်ထပ်ကြတော့မည်။

"မိန်းမ ကိုယ့်အိတ်ထဲမှာ ထည့်ထားတဲ့သတင်းစာ တွေ့မိသေးလား"

ကြည်ဖြူအခန်းထဲမှာ မင်္ဂလာပွဲအတွက် ကြွေပန်းကန်များ ရေတွက်နေတုန်း ကြည်ဖြူ့အဖေနှင့်စကားပြောပြီးပြန်လာသော ကိုငြိမ်းမောင်

"မတွေ့ပါဘူး ဘာလဲ ရှင်သတင်းစာတွေ ဒီအထိသယ်လာတာလား"

"မဟုတ်ပါဘူးကွာ မင်းအဖေကို သတင်းပြစရာရှိလို့ပါ မတွေ့ရင်ပြီးရော မင်းက အသက်ကြီးလေ စကားများလာလေပဲ"

"အောင်မာ "

သူ့သတင်းစာမတွေ့တော့ ကြည်ဖြူ့ကို မခံချင်အောင်စကာ အခန်းထဲက ထွက်သွားလေသည်။

ငြိမ်းမောင် မိန်းမဖြစ်သူကို စနောက်ကာ အိမ်ရှေ့က ယောက္ခမတွေဆီထွက်လာခဲ့လိုက်သည်။

"ဟုတ်တယ် အမေ အာကာလည်း နီးလာပြီထင်တယ် သူ့ချစ်သူက သူ့အလုပ်ခွင်ကပဲတဲ့ "

"ဟုတ်လား မြေးအာကာ"

"ဟုတ်တယ် ဖွား ကျွန်တော့်အလုပ်ကပဲ လက်ထပ်ဖို့က နှစ်ကုန်ခါနီးဖြစ်မယ်ထင်တယ်"

"ကောင်းပါတယ် အမေလည်း မသေခင် မြစ်တွေချီသွားချင်တယ်ကွယ်"

"ဖွားကလည်း ဘာတွေပြောနေတာလဲ ဖွားက ဒေစီတို့နဲ့အကြာကြီးနေရဦးမှာလေ"

သတို့သားနဲ့သတို့သမီးကလွဲရင် မိသားစုတွေ စုံနေကြတာဖြစ်လို့ စကားတွေ ဝိုင်းပြောနေကြသည်။

"ညီမလေး ပြောတာမှန်တယ်ဖွား ဖိုးနဲ့ဖွားရောက တီတွေ တွတ်တွေရတဲ့ အထိနေရဦးမှာဗျ"

"သားငယ်လေးနော် ကိုယ့်ဖိုးအေဖွားအေကို ပြောင်စပ်စပ်နဲ့ "

အခန်းထဲမှထွက်လာသော ကြည်ဖြူက ပြောလိုက်သည်။

"ကျွန်တော် အတည်ပြောနေတာပဲ မေမေရဲ့"

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now