7 : 22

40 2 0
                                    

" အား... မြွေကြီး "

ခြံထဲရှိ ပန်းအိုးများကို ရှင်းမည်ဟု ကြံရင်း ပန်းအိုးတစ်အိုးကို ဆွဲ,မလိုက်ချိန်တွင် ပန်းအိုးအောက်တွင် ခွေနေသည့် မြွေကြောင့် ဧကရီ အလန့်တကြားအော်ဟစ်ရင်း ပန်းအိုးကို ဘေးသို့ လွှတ်ချကာ ထွက်ပြေးရန် အနောက်သို့ လှည့်လိုက်သည် ။ ထိုအချိန် အနောက်တွင် ရောက်နေသည့်လူကြောင့် ဧကရီ့အရှိန်မှာ ချက်ချင်း မထိန်းလိုက်နိုင်သဖြင့် အရှိန်လွန်စွာ သူ၏ရင်ခွင်ထဲသို့ ခိုဝင်လျက်သား ဖြစ်သွား၏ ။ ထိုသည်ကို ဂရုမစိုက်နိုင်သည့် ဧကရီတစ်​ယောက် ကြောက်ကြောက်လန့်လန့်နှင့် ထိုလူ၏အင်္ကျီစကို လုံးချေထားလိုက်မိသည် ။

" ဘာဖြစ်တာလဲ ဟန်နီရဲ့ "

ဧကရီမှာ တုန်ယင်နေသလောက် ထိုလူက အေးအေးဆေးဆေးသာ ရှိသည် ။ ထိုပုံစံသည်မှာလည်း မထူးဆန်းတော့ပေ ။ ဧကရီက ထိုလူ့ကို မြွေရှိရာသို့ ညွှန်ပြရင်း...

" မြွေ...မြွေ ဟိုမှာ "

" ​သြော် မြွေလား ။ မကြောက်နဲ့ ကိုယ် ရှင်းပေးမယ် "

အရှည်မှာ လူတစ်ရပ်စာခန့်ရှိပြီး အတုတ်မှာ လက်နှစ်ချောင်းစာလောက် ရှိသည့် မြွေအညိုရောင်ကို ထိုလူက ကြောက်ရွံ့ခြင်းအလျင်း မရှိပေ ။ လင်းမြွေဟု ထင်ရပေမဲ့လည်း မတော်လို့ ပေါက်လိုက်လျှင် ဒုက္ခရောက်နိုင်သည် ။ ဤကဲ့သို့ ကြီးမားလှသည် မြွေကို ဧကရီ့အနေဖြင့် မည်သို့မကြောက်ဘဲ နေနိုင်မည်နည်း ။ ထိုလူက ပြောပြောဆိုဆိုနှင့် သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း အပေါ်သို့ ဖြည်းဖြည်းချင်းမြှောက်လိုက်လျှင် မြေကြီးပေါ်မှ မြွေကြီးသည် အပေါ်ဘက်သို့ တန်းလန်းကြီးဖြင့် တဖြည်းဖြည်း မြောက်တက်လာသည် ။ ထိုသည်ကို ဧကရီ ကြောက်လန့်တစ်လှည့် အံ့သြတစ်လှည့်ဖြင့် ထိုလူ၏ရင်ခွင်ထဲမှ လှည့်ကြည့်နေမိသည် ။ ထိုယောက်ျားသည် သူ၏လက်ကို အပေါ်သို့ မြှောက်တင်ရင်းမှ လက်ကောက်ဝတ်ကို ဆက်ခနဲ တစ်ချက် ခါလိုက်လျှင် ထိုမြေကြီးသည် ခေါင်းနှင့်ကိုယ် နှစ်ပိုင်းပြတ်တောက်သွားလျက် မြေကြီးပေါ်သို့ ဘုတ်ခနဲ ပုံကျသွားသည် ။ ထိုသည်ကို ဧကရီ ကြည့်ရှုဖို့ရာပင် မဝံ့သဖြင့် မျက်လုံးများကို မှိတ်ပစ်ရင်း ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ရသည် ။ တစ်ချိန်တည်းမှာပဲ ထိုလူ၏လုပ်ရပ်အပေါ် စိတ်ဆိုးမိသည် ။ ထို့ကြောင့် ထိုလူ၏ရင်ဘတ်ကို လက်သီးဖြင့် နာနာထုမိ၏ ။

LS : AMITYWhere stories live. Discover now