AMITY

43 4 0
                                    

ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ
သူစိမ်းတစ်ယောက်အပေါ် မေတ္တာဓာတ်တွေ ငုံ ။

ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ
ငေးကြည့်နေနိုင်ခြင်းကပဲ နတ်နန်းဘုံ ။

ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ
ထိုလူ ကောင်းကောင်း ၊ ဆိုးဆိုး ပြုသမျှကို ယုံ ။

အို...ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ
အတူရှိချိန်ဝယ် တစ်တန် ပျော်ပိုက်
ဝေးကွာချိန်ဝယ် တစ်ဖန် ပူခိုက်
သံယောဇဥ်ကြိုး ချည်နှောင်ထုံး၍
အိပ်မပျော် စားမဝင် လွမ်းဆွေးလိုက်ရပုံ ။

စစ်မှန်ခြင်းကို အခြေပြု
အနာဂတ်ကို အန်တု
နှစ်ဦးအတူ လက်ချင်းယှက်လို့
တွဲလက်တို့ မြဲကြပါစေကုန် ။

kummarii

LS : AMITYWhere stories live. Discover now