20 : 22

25 2 0
                                    

" မလုပ်ကြပါနဲ့ ။ သူ့ကို အဲ့ဒီလို မလုပ်ကြပါနဲ့ ဟင့် "

" ဧကရီ အဆင်ပြေရဲ့လား ဧကရီ "

တစ်စုံတစ်ယောက်၏ခပ်ဆက်ဆက် လှုပ်နှိုးလိုက်မှုကြောင့် ဧကရီ မောဟိုက်နေသည့်ကြားမှ သတိဝင်လာ၏ ။ မျက်လုံးပွင့်သည်နှင့် မျက်နှာတစ်ဝှိုက်တွင် စိုစွတ်နေမှုများကို ခံစားလိုက်မိ၏ ။ ချွေးစေးများနှင့် မျက်ရည်များ စိုရွှဲကာ သတိရလာသော ဧကရီသည် ရင်းနှီးမှုမရှိသော မျက်နှာကျက်ကြီးကို မြင်လိုက်ရလျှင် ဤအရာတွေ အားလုံးက အိမ်မက် မဟုတ်လေဘူးဟု သိလိုက်ရ၏ ။ ထိုအချိန်တွင် ဧကရီ တော်တော်ပင် အားယုတ်သွားသည် ။

" အဆင်ပြေရဲ့လား ။ ရေတို့ဘာတို့ သောက်ချင်မလား "

ဧကရီ့ကို စိုးရိမ်စွာ ငုံ့ကြည့်၍ ဆိုလာသော အရှင့်ကို ဧကရီ မည်သည့်စကားမျှမဆိုဘဲ ​ငေးကြည့်နေမိသည် ။ ထို့နောက် အိပ်နေရာမှ ထထိုင်မည်ပြုတော့ လေးလံနေသည့်ခန္ဓာကိုယ်ကို အရှင်က ကူ၍ ထောင်မတ်ပေးသည် ။

" ဂျက်ခ် အသက်ရှင်နေသေးလားဟင် "

ဧကရီ၏ပထမဆုံးသော အမေးကို အရှင်သည် အံ့သြသွားသကဲ့သို့ မျက်နှာလည်း တစ်ချက်ပျက်သွားသည် ။ ဧကရီကြောင့်ပဲ မျက်နှာပျက်ရသည်လား ၊ အဖြေပေးဖို့အတွက်ပဲ မျက်နှာပျက်သည်လား မသိရသောကြောင့် ဧကရီ စိုးရိမ်သွားမိသည် ။

" သူ့ကို မသတ်ပါဘူး ။ ဒါပေမဲ့ သူက ထာဝရ ချုပ်နှောင်ခံထားရမှာ "

'မသတ်ဘူး'ဟူသော စကားကြောင့် ဧကရီ ရင်တစ်ဝက်အေးရသည် ။ ဘယ်လိုပဲဖြစ်ဖြစ် ဂျက်ခ်၏မျက်နှာလေးကို မြင်ရနိုင်သေးသည်က ကံကောင်းမှုတစ်ခုပင် ဖြစ်၏ ။ မိမိအပေါ်ကို ညှာတာကြင်နာခြင်းမရှိဘဲ သစ္စာဖောက်ထားသူကို ဧကရီ့အနေနှင့် စိတ်ပူနေသေးသည်မှာ ဟာသတစ်ခုလို ဖြစ်နေနိုင်သော်လည်း မိမိ၏စိုးရိမ်မှုကို မိမိသာ နားလည်နိုင်သည် ။ ဂျက်ခ်သည် မိမိကို ဘယ်လိုပင် ဒုက္ခပေးနေပါစေ နာကျည်းလို့ မရနိုင်သော စိတ်သည် ဧကရီ့ထံတွင် ယခင်ကတည်းက ရှိနေခဲ့၏ ။
အရှင်သည် ပိုးထည်စတစ်ခုဖြင့် ဧကရီ၏မျက်နှာထက်ရှိ ချွေးများကို သုတ်ပေးနေသည်ကိုပင် ဧကရီ မသိနိုင်ဘဲ အတွေးလွန်နေမိသည် ။ ငြိမ်သက်နေသော ဧကရီ့ကို အနှောင့်အယှက်မပေးဘဲ တိတ်ဆိတ်စွာသာ နေပေးသည့် အရှင့်ကို ဧကရီ အတွေးကမ္ဘာမှ ထွက်ထွက်ချင်း တောင်းဆိုမိသည်က...

LS : AMITYWhere stories live. Discover now