18 : 22

22 2 0
                                    

" ကျွန်မ ဆရာမကြီးကို တစ်ခုခု လုပ်လိုက်မိတာတော့ သိတယ် ။ ဒါပေမဲ့ ဘာလုပ်လိုက်မိလို့ ကျွန်မကြောင့် သေတယ်ဖြစ်သွားရတာလဲဆိုတာ အခုထိ စဥ်းစားလို့ မရဘူး ။ ဘာလို့ပါလိမ့် "

ဧကရီသည် မိမိကိုယ်တိုင် ပြုလုပ်ခဲ့သည့် ပဟေဠိကို ဖြေရှင်းရခက်နေသည် ။ ကိုယ်တိုင်ကလည်း လုံးဝ မသိသည်မို့ ဆရာမကြီးကို သတ်သည်ဟု ​ဆိုကြတော့ လက်မခံနိုင်ခဲ့ပါ ။ ထိုနေ့ကို ကြိုးကြိုးစားစား ပြန်တွေးကြည့်လျှင်လည်း အဖြေကို မတွေ့ရှိခဲ့ ။

" ကျွန်မ တကယ် အဲ့ဒီနေ့ကို ပြန်တွေးကြည့်တိုင်း ရှင့်ကို မြင်ရင် နာကျင်နေရတုန်းပဲ "

ဧကရီသည် ထိုလူ၏လက်ကို ခေါင်းခုလျက် လှဲအိပ်နေရင်းမှ သူ့ကို မကြည့်ဘဲ ခေါင်းရင်း ပြတင်းပေါက်ကနေ လမင်းကြီးဆီကိုသာ လှမ်းကြည့်ရင်း ဆိုသည် ။ အတိတ်သည် အတိတ်မှာပဲ ကျန်ရစ်သည်ဟု လူအများက ဆိုကြသော်လည်း ခံစားချက်များသည်တော့ ပစ္စုပ္ပန်အထိ လိုက်နေကြဆဲ ။

" ကိုယ် တောင်းပန်ပါတယ် ။ အဲ့ဒီတုန်းက ဟန်နီ့ကို ကူညီမပေးနိုင်ခဲ့ဘူး "

" ဟင့်အင်း ဘာပဲဖြစ်ဖြစ် အခုတော့ အရာအားလုံး အဆင်ပြေသွားပြီပဲ "

သက်ပြင်းငွေ့ငွေ့ကလေးကို ချကာ ဝှါးခနဲ တစ်ချက်သန်း၍ အိပ်ချင်စိတ်ကို ဖော်ပြလာသော ဧကရီ့ကို သူသည် အတန်ကြာ ငေးကြည့်နေသည် ။ အစိုးမရသော စိုးရိမ်မှုများစွာကလည်း သူ၏မျက်ဝန်းတွေ ဖြတ်ပြေးနေကြသည်ကို ဧကရီကတော့ မသိရှာပါ ။

" ကိုယ် မင်းကို ချစ်တယ် ဟန်နီ "

' အင်း ကျွန်မလည်း ရှင့်ကို ချစ်တယ် '

ဧကရီသည် ထိုစကားကို မည်သို့မျှ နှုတ်ဖြင့် ဖော်ထုတ်ပြလို့ မရပါ ။ အကြောင်းပြချက် မရှိဘဲ လည်ချောင်းတွင် တစ်နေသည့် စကားလုံးများကြောင့် ဧကရီသည် စိတ်မကောင်းဖြစ်သွားမိသည် ။ မိမိကို လေးနက်စွာ ကြည့်နေသည့် အဝိုင်းသားမျက်ဝန်းတွေကိုပင် မဆုံဆည်းနိုင်ဘဲ ရှောင်ဖယ်နေမိ၏ ။ မိမိကိုယ်တိုင်လည်း ဘာကြောင့် ဤကဲ့သို့ဖြစ်နေသည်လည်း မသိရပါ ။ အမှန်တကယ်ပဲ မချစ်မိ၍များလား သို့မဟုတ် သူ၏အချစ်စကားကို မယုံရဲ၍များလား ။ ဧကရီ ပြောခဲ့သလို သူ၏ရင်ထဲတွင် သူ သဘောအကျရဆုံး ကောင်မလေးရှိနေသေးသ၍ ဧကရီ သူ့ကို ချစ်သည်ဟု ပြောနိုင်မည် မဟုတ်ပါ ။

LS : AMITYWhere stories live. Discover now