8 : 22

36 2 0
                                    

" ဘယ်သွားမလို့လဲ ဟန်နီ "

" စာကြည့်တိုက်ဆီ "

" ကိုယ်ရော လိုက်မယ် ဟန်နီ "

" မလိုက်ခဲ့ပါနဲ့ ။ ရှင် ပျင်းနေမှာ "

ဧကရီသည် ထိုလူ မေးသမျှကို ဆူပုတ်ပုတ်နှင့် ပြန်ပြောနေလေသည် ။ လွန်ခဲ့သည့်နေ့က ထင်းကောက်သွားရာ အကောင်းအတိုင်း ရှိနေသည့် သစ်ပင်ကို အလကားနေရင်း ချိုးချပစ်သည့်အတွက် ထိုလူ့ကို ဧကရီ ယခုအထိ မကျေနပ်သေးပါ ။ ထိုနေ့က သစ်ပင်တစ်ပင် ဖြစ်လာဖို့ရာ မည်မျှ အချိန်ပေးပြီး ဂရုစိုက်ရကြောင်း ပြောပြီး ဆူလိုက်မိသေးသည် ။ ထို့ကြောင့်လည်း ထိုလူမှာ မျက်နှာငယ်ကလေးနှင့် ဧကရီနှင့်အတူ ခါးနာအောင် ထင်းကောက်ခဲ့ရသေး၏ ။ အပြစ်ပေးသည့်အနေဖြင့် ကိုယ်ခန္ဓာခြေလက်များကို အသုံးပြု၍ ထင်းကောက်ရမည်ဟု ပြောလိုက်သော်လည်း ထိုလူက မငြင်းဘဲ ဘာကြောင့် လိုက်ကောက်သလဲ ဧကရီ မသိပါ ။ အမှန်တကယ်ဆို အခန့်သား နေချင်သည့် ထိုလူသည် ငြင်းလိမ့်မည် ထင်ခဲ့၏ ။ ထိုနေ့က ဧကရီနှင့်အတူ ထင်းလိုက်ကောက်ခဲ့ရသည့် ထိုလူ့အဖြစ်ကို ပြန်တွေးလျှင် ရယ်လည်း ရယ်ချင် ၊ သနားလည်း သနား ၊ စိတ်လည်း ဆိုးသေးသည် ။ သူ ချိုးပစ်ခဲ့သည့် သစ်ပင်ကြီးမှာ မခုတ်ထစ်နိုင်သေး၍ ယခုအထိ ထိုအတိုင်း လဲကျနေ၏ ။

" ကိုယ့်ကို စိတ်မဆိုးနဲ့တော့လေ ။ အဲ့ဒီနေ့က ဟန်နီပြောတဲ့အတိုင်း ကိုယ် လုပ်ပေးခဲ့တာပဲ "

" ကျွန်မ စိတ်ဆိုးနေတယ်လို့ ဘယ်သူပြောသလဲ "

" ကိုယ့်ကို လိမ်လို့ ရမယ်ထင်နေလို့လား ဟန်နီ ။ မင်း မပြောရင်တောင် မင်း မျက်ဝန်းတွေထဲကနေ မင်းအတွေးထဲမှာ ဘာတွေရှိနေသလဲဆိုတာ ကိုယ် ဖတ်လို့ရတယ် သိရဲ့လား "

" ဟင် အဲ့တာဆို ကျွန်မ ဘာတွေးတွေး အကုန် သိတာလား "

" မင်း အခု အံ့သြသွားတာလဲ ကိုယ် သိတယ် ။ ပြီးတော့ မလုံမလဲ ဖြစ်နေတာတွေရော မြင်နေရတယ် "

ဧကရီအတွင်းစိတ်ထဲတွင် ထိုလူပြောသမျှ တစ်ချက်မလွဲ ဖြစ်နေသည်မှာ အတိအကျပင် ။ ထိုသို့ဆိုလျှင် စတွေ့ကတည်းက ဧကရီ့အတွေးတွေကို ထိုလူက ဖတ်နေနိုင်တာပေါ့ ။ ဧကရီတစ်ယောက် ယခုမှ ကိုယ်တွေးခဲ့မိသမျှ အတွေးတွေအတွက် မျက်နှာပူလာသည် ။ အကယ်၍ ဧကရီ စိတ်ကူးယဥ်သမျှကို ထိုလူက သိနေလျှင် ဧကရီ့မျက်နှာ မည်သည့်အရပ်သို့ သွားထားရမည်နည်း ။

LS : AMITYDonde viven las historias. Descúbrelo ahora