Description

3.4K 175 12
                                    

【Unicode 】

ဇာတ်လမ်းမိတ်ဆက်:

ယန့်ဝေသည် တိမ်များထဲသို့ တိုးဝင်ပျောက်ကွယ်သွားသော အနက်ရောင်မျှော်စင်တစ်ခုထဲကို ဝင်သွားရာမှ ဖြစ်ရပ်မျိုးစုံနှင့်ပြည့်နှက်နေသည့် မျှော်စင်ထဲရှိ အပြိုင်ကမ္ဘာငယ်တစ်ခုထဲသို့ မတော်တဆဝင်ရောက်မိသွားခဲ့သည်။

ဥပမာအားဖြင့် ရုပ်ထုတစ်ခုကို အနမ်းပေးရန် ကြိုးစားနေကြသော ရုပ်သေးရုပ်များ၊ မျက်လုံးမပါသော လူများ၏ပန်းချီကားများ၊ ပါးစပ်ထဲသွေးအပြည့်နှင့် ဖြူဖတ်ဖြူ‌လျော် ဆံပင်စုတ်ဖွားသရဲမ... စသဖြင့် တွေ့မြင်ရသည်။

မျှော်စင်၏ အထပ်တိုင်းသည် အဆင့်တစ်ဆင့်စီကို ကိုယ်စားပြုသည် : မင်းသာ မဝင်ဘူးဆိုရင် သေရမယ်။ ထိပ်ဆုံးကိုရောက်တဲ့ သူတွေသာ အသက်ရှင်ခွင့်ရှိတယ်။

ယန့်ဝေတစ်ယောက် စည်းမျဥ်းများကို သေချာနားလည်သွားပြီးနောက်တွင် သူ့တွင် "မသေမျိုးတစ်ပိုင်း" ဟူသည့် စွမ်းရည်ရှိနေကြောင်း သိရှိလိုက်ရသည်။ သူ မစ်ရှင်ကမ္ဘာငယ်လေးထဲတွင်ရှိနေသ၍ ဒုတိယ‌မြောက်နေ့တိုင်းတွင် မသေနိုင်သော အမတခန္ဓာကိုယ်အား ရရှိမည်ဖြစ်သည်။

ယန့်ဝေ : စိတ်လွတ်လက်လွတ် ကစားကြရအောင်[ပုံ]

မျှော်စင်၏ ထိပ်ဆုံးသို့ တက်နေသော ယန့်မင်ကွမ်းတစ်ယောက် သူ၏မျက်မှန်အားချွတ်လိုက်ကာ စီးကရက်တစ်လိပ်အားကိုင်၍ နံရံကိုမှီရင်း ဤမစ်ရှင်ကမ္ဘာငယ်၏ နောက်ဆုံးဘော့စ်ထံ ဖြည်းညှင်းစွာကပ်သွားသည့် လူငယ်လေးအား ကြည့်နေသည်။

ထိုလူငယ်လေးမှာ စိတ်လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်နေ၏။ လက်တစ်ဖက်အား အိတ်ကပ်ထဲထည့်ကာ ကျန်လက်တစ်ဖက်ဖြင့် ထိုဘောစ့်၏လက်ကို ဖမ်းကိုင်၍ သေသေချာချာစစ်ဆေးနေသည်။

သူ၏ကြည်လင်သောအသံလေးမှာ အမှုမထားဟန်အပြည့်ဖြင့်-
"မလှုပ်နဲ့ ..မင်းပေါ်မှာ ဘာသဲလွန်စတွေရှိလဲ ကြည့်ရအောင် ..ဟေ့ ရုန်းနေတာရပ်စမ်းပါ...ဘယ်လိုဖြစ်ဖြစ် မင်းငါ့ကို သတ်လို့ ရတာမှ မဟုတ်ဘဲကို..."

နာရီမှာ ညသန်းခေါင်ကျော်သွားလေပြီ---

လူငယ်လေး၏ တည်ငြိမ်နေသောအမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ သူက ဘောစ့်အားကြောက်ရွံ့မှုများပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး သူ့ဆီသို့ နောက်ပြန်လှည့်ပြေးလာလေသည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now