Chapter 5.2

290 53 0
                                    

ထိုမိန်းမငယ်သည် မရှောင်‌ခဲ့ပေ။ ယန့်မင်ကွမ်း၏ဓါးသည် သူ့(မ)၏ ဗလာဖြစ်‌နေသည့် မျက်လုံးထဲသို့ ထိုးစိုက်လိုက်သည့် အချိန်တွင် သူ့(မ)လက်ထဲမှ ကတ်ကြေးအား ယန့်ဝေဆီသို့ ပစ်လိုက်၏။
ယန့်ဝေ မတိုက်ခိုက်နိုင်သည်ကို သူ(မ) ပြောနိုင်သည်။

သူ့(မ)၏ဗလာဖြစ်နေသည့်မျက်လုံးအား ဓားထိုးစိုက်သွားသော်လည်း ဘာမှမဖြစ်သွားခဲ့ပေ။

ထိုကတ်ကြေးများမှာတော့ ယန့်ဝေဆီသို့ ဆက်လက်သွားနေတုန်းပင်ဖြစ်သည်။

တစ်ချိန်ထဲမှာပဲ ထိုမိန်းကလေးမှာ သူ့ပြိုင်ဘက်မဟုတ်သည်အား ယန့်ဝေသိလိုက်သည်။ သူ ဘေးသို့ အမြန် ပြေးသွားကာ အော်လိုက်သည် ။
“ယန့်မင်ကွမ်း ငါ့ကို ကယ်အုံး”

“မကယ်ဘူး”
ယန့်မင်ကွမ်း ထိုသို့ ပြောလိုက်သော်လည်း  ချက်ချင်းပင် သူ၏ခေါက်ဓားအား ဆွဲထုတ်ကာ နောက်သို့လှည့်မကြည့်ဘဲ ပစ်လိုက်၏။

ခေါက်ဓားသည် လေထဲ ဖြတ်၍ ယန့်ဝေနောက်သို့ လိုက်နေသည့် ကတ်ကြေးဖြင့် တိုက်ရိုက် တိုက်မိသွားလေသည်။ ထို့နောက် ပြန်လည်ကွေ့ဝိုက်သွားကာ ယန့်မင်ကွမ်းလက်ထဲသို့ ပြန်ရောက်လာ၏။

စတူဒီယိုတစ်ဖက်ခြမ်းသို့ ပြေးနေသော ယန့်ဝေသည် အသက်အမြန်ရှူရင်း ရပ်လိုက်သည်။

မျက်လုံးမရှိသော မိန်းကလေးသည် ကတ်ကြေးအား တစ်ဖန် ကောက်ကိုင်ကာ ယန့်မင်ကွမ်းထံ အတင်းတောင်းနေလေသည်။

“နင့်မျက်လုံး ငါ့ကိုပေး ..မျက်လုံးတစ်စုံပဲ လိုတော့တယ်.. နင့်မျက်လုံး ငါ့ကိုပေး .. မျက်လုံးတစ်စုံပဲ....တစ်စုံပဲ...”

ယန့်ဝေသည် ဆက်ခနဲငုံ့၍ ပန်းချီကားချပ်ကြားထဲသို့ လှိမ့်ဝင်လိုက်သည်။ ယန့်မင်ကွမ်းနှင့် ထိုမိန်းကလေး အကြိမ်အနည်းငယ် အပြန်အလှန်တိုက်ခိုက်နေသည်အား ကြည့်ကာ
“နှလုံးကို ထိုးလိုက်!!” အော်ပြောလိုက်လေသည်၊

ကောင်းမင်မှာ တံခါးနားတွင် လက်ဟန်ခြေဟန်ပြကာ ထိပ်ထိပ် ပျာပျာဖြင့်
“မြန်မြန်ပြေးတော့!!”

ယန့်ဝေ : “မင်းအရင်သွား” 

သူနဲ့ ယန့်မင်ကွမ်း ဘာမှမပြောသော်လည်း နှစ်ယောက်လုံး၏ စိတ်ထဲ ရှင်းရှင်းလင်းလင်းပင် နားလည်လိုက်သည် ....... ပြေးနေလည်း အသုံးမဝင်ကြောင်းပင်...။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now