14.1

190 42 0
                                    

အပိုင်း(၁၄) : Promenade Hotel(၁၄)

ထိုအချိန်တွင် ယန့်ဝေ၏စိတ်ထဲ၌ မျှော်စင်၏အချက်ပေးသံ မြည်လာသည်။

[ဂုဏ်ယူပါတယ် သင်ဟာ သေခြင်းအစပျိုးရာတစ်ခုကို နောက်တစ်ကြိမ်ရှင်းလင်းပြီး စတူဒီယိုခန်းကို သော့ဖွင့်နိုင်သွားပါပြီ အပိုဆုအဖြစ် အာရုံခံအဆင့် ၁မှတ်ကို လက်ခံရရှိပါတယ်]

ယန့်ဝေက အနီးပတ်ဝန်းကျင်ကို အာရုံခံသောစွမ်းရည်မှာ ပို၍အားကောင်းလာနိုင်သည်ဟု ခံစားလိုက်ရသည်။

သူသည် မျက်တောင်အကြိမ်အနည်းငယ်ခတ်ပြီး ပြောလိုက်သည် : “အကျိုးသင့်အကြောင်းသင့်စဥ်းစားကြည့်ရင် လူတွေက သူတို့ရှာတွေ့ထားတဲ့သဲလွန်စတွေကို အတူတကွစုစည်းပြီး ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်တတ်ကြတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာဆိုရင် ဖြစ်ခဲ့တဲ့အကြောင်းအရာမှန်သမျှကို အလိုအလျောက် ပြန်စဥ်းစားပြီး သင့်လျော်တဲ့အဖြေတစ်ခုရသွားတာနဲ့ အများစုက အဲ့ဒါက အဖြေမှန်ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြီးမြောက်သွားမှုအပေါ်မှာ နစ်မျောသွားတတ်ကြတယ်။ ငါကလည်း အဲ့ဒီလိုမျိုးပဲလို့ မင်းထင်နေလောက်ပေမဲ့....ငါ သဲလွန်စတစ်ခုကို သတိထားမိခဲ့တယ်လေ။”

ပွင့်နေသော တံခါးသော့မှာ တံခါးလက်ကိုင်တွင် လျော့ရဲရဲချိတ်ဆွဲခံထားရသည်။ မထိတွေ့ရသေးသော နံပါတ်သုံးလုံး ‘000’ ပေါ်နေဆဲဖြစ်သည်။

ယန့်ဝေသည် ပေါ့ပေါ့ပါးပါးဖြင့် သော့ကို ဖြုတ်ယူလိုက်ကာ မြေပြင်ပေါ်သို့ ချလိုက်ပြီး အန္တရာယ်မရှိသည့်တံခါးကို ဖွင့်လိုက်သည်။

“အရင်သဲလွန်စတွေက ငါ့ရဲ့အတွေးတွေကို လမ်းလွဲစေပြီး ယူဆချက်အမှားကြီး ဖြစ်ခဲ့တယ်။ လျှို့ဝှက်နံပါတ်က '703' ရော '150'ရော မဟုတ်ဘဲ '000'ဆိုပြီး သော့မှာ ရှိနေတယ်။”

သဲလွန်စသည် အစပိုင်းတွင် ပန်းချီဆရာပြောခဲ့သည့် အရာဖြစ်သည်။

.....မင်းဒိုင်ခွက်တွေကိုလှည့်ပြီး ကုဒ်မှားထည့်လိုက်တာနဲ့ ငါ့ရဲ့ကန့်သတ်ချက်တွေက အကုန်ပျောက်သွားလိမ့်မယ်...။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now