15.1

193 39 0
                                    

အပိုင်း(၁၅) Promenade Hotel(၁၅)

ယန့်ဝေသည် အိပ်ရာဘေးတွင် ဖြည်းဖြည်းချင်း ခါးကိုင်းချလိုက်သည်။

သူ၏လက်ကိုမြှောက်လိုက်ပြီး အလောင်းအား ဖုံးအုပ်ထားသောစောင်ကို ဆွဲယူလိုသော်ငြား သူ၏သေးသွယ်သော ဖြူရော်ရော်လက်ချောင်းတို့သည် သွေးစွန်းနေသောအိပ်ရာခင်းကို ထိမိတော့မလိုဖြစ်သွားသည်နှင့် ယန့်ဝေသည် ယမန်နေ့ညက ရွေးချယ်စရာမရှိဘဲ ပန်းချီဆရာ၏လက်ကို လှမ်းဆွဲလိုက်ရသောအဖြစ်ကို သတိရသွားသည် - သူ့မှာအခန်းသို့ပြန်ရောက်ပြီးနောက် သူ၏လက်များကို ဆယ်မိနစ်ကျော်ကြာအောင်ဆေးကြောနေခဲ့လေသည်။

သူက နောက်သို့နည်းနည်းပြန်ဆုတ်လိုက်ပြီး ကောင်းမင်ကိုလက်ယပ်ခေါ်ကာ : “ငါ့ကို ကူပြီး ဒီစောင်လေး မ'ပေးပါ”

“ဟမ်?” ကောင်းမင်သည် စိတ်ပျက်အံ့အားသင့်သွားသည်။ သူ၏အမူအရာသည် ယိုယွင်းသွားကာ ကြိတ်မှတ်သည်းခံနေရသည့်ပုံဖြင့် : “သူက သေနေပြီးသားကို ဘာလို့ စောင်ကို မ'နေဦးမှာလဲ။ ဒါ... ထားလိုက်ပါတော့..…မင်းပြောသမျှ ငါလုပ်ပေးပါ့မယ်....”

ကောင်းမင်လက်မလှမ်းမီတွင် သူ၏ဘေး၌ တစ်ချိန်လုံး တိတ်တဆိတ်ရပ်နေသော ယန့်မင်ကွမ်းသည် စောင်ကို အဝေးသို့ ဖယ်ပစ်လိုက်သည်။ ကောင်းမင်သည် နောက်သို့ပြန်ဆုတ်လိုက်ကာ သူ့ထက် ပို၍အများကြီးအရည်အချင်းရှိသော ကစားသမားအသစ်နှစ်ယောက် အလောင်းအား စစ်ဆေးရာတွင် မပါဝင်ဘဲ နေလိုက်သည်။

ယန့်ဝေသည် ယန့်မင်ကွမ်းဆီ ကျေးဇူးတင်သည့်အကြည့်တစ်ချက် ပို့လိုက်ကာ နှာခေါင်းကို ရှုံ့လိုက်ပြီး အနီးကပ် ရှေ့သို့ငုံ့မကြည့်မီ ‘ဒီနေရာက ထွက်သွားရင် လက်အိတ်ယူသွားသင့်တယ်’ ဟု ​ရေရွတ်လိုက်သည်။

သူသည်လည်း ကောင်းမင်၏အခန်းဖော်သေဆုံးပုံနှင့် အတူတူပင်ဖြစ်သည်။

ယန့်ဝေသည် ဂရုတစိုက် စုန်ချည်ဆန်ချည် စစ်ဆေးကြည့်ရာ.... ကစားသမားနှစ်ဦးလုံး၏အဝတ်အစားများသည် သပ်ရပ်ကာ အစီအစဥ်တကျ ရှိနေကြပြီး မျက်လုံးအခေါင်းပေါက်ဖြစ်နေသည်မှလွဲ၍ တခြားထိခိုက်ဒဏ်ရာများလည်း မရှိချေ။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now