Chapter 6.2

326 44 0
                                    

အပိုင်း(၆.၂)

ကောင်းမင်သည် သူ၏အသံအားနှိမ့်ကာ ​ပြောလိုက်သည်:  "စိတ်မပူပါနဲ့ ငါအခုပဲလုပ်လိုက်မယ် အစောင့်ပြောတာက မင်းတို့အခန်းကအဆိုးဆုံးတဲ့ တကယ်လို့ညဘက်မှာတစ်ခုခုဖြစ်လာခဲ့ရင် ယန့်မင်ကွမ်းအနားမှာကပ်လိုက်ဖို့ကို မ​မေ့နဲ့​နော် သူနဲ့ မင်းအလွယ်တကူရင်းနှီးလို့မရနိုင်ဘူးလို့ထင်ရပေမယ့် မင်းဘာမှမသိဘူးဆိုရင်တောင် သူကမင်းကိုကာကွယ်​ပေးဖို့ စိတ်ရှိမှာမဟုတ်ဘူး"

ယန့်ဝေပေါ့ပေါ့ပါးပါးရယ်မောလိုက်ပြီး :"ဟုတ်ပြီ"

သူသည်အချိန်ကြာကြာဆက်မနေ​တော့ဘဲ ယန့်မင်ကွမ်းနှင့်အတူ နောက်ထပ်အခန်းနှစ်ခန်းသို့သွားကာ ကျန်ရှိနေသည့်လေးယောက်အား သတိပေးရန်သွားခဲ့သည်။ အရာအားလုံးပြီး​နောက်တွင် နှစ်ယောက်အတူ အခန်းသို့ပြန်လာခဲ့သည်။ပြန်လာသည့်လမ်းတွင် ယန့်ဝေသည် သူ၏လက်ကို ယန့်မင်ကွမ်း၏ပခုံးပေါ်သို့ တင်လိုက်သည်။

ယန့်မင်ကွမ်းသည် သူ့ထက်ခေါင်းတစ်လုံးစာ ပိုရှည်နေသည့်အတွက် ယန့်ဝေသည် သူ့အနားရောက်ရန် ခြေဖျားထောက်ထားရသည်။ သူ​ပြောလိုက်သည် "ငါကအခုမင်းရဲ့ကာကွယ်မှုကိုလိုအပ်နေတဲ့ အသုံးမဝင်တဲ့မုန့်ပဲသရေစာဖြစ်နေပြီ ကျေးဇူးပြုပြီး ငါ့ကိုဂရုစိုက်ပေးပါဦး"

ယန့်မင်ကွမ်း၏အမူအယာသည် ပြောင်းလဲမသွားပေ။

ယန့်ဝေသည် အနားသို့ပိုတိုးကပ်လာသည်။ သူ၏အကြည့်က ယန့်မင်ကွမ်းလည်ပင်းဆီသို့ရောက်လာသည့်အခါ ရုတ်တရက် ဆွဲကြိုးကိုသတိထားမိလိုက်သည်။

ဆွဲကြိုးသည် အလွန်ရိုးရှင်းပြီး အလွန်ရှည်လျားသည်။ ယန့်မင်ကွမ်း၏လည်ပင်းပေါ်တွင်ရှိနေပြီး တွဲလောင်းကျနေသောဆွဲပြားတစ်ဝက်သည် အင်္ကျီကော်လံ၏အောက်သို့ရောက်နေသည်။ ယန့်မင်ကွမ်း၏ပခုံး​ပေါ်မှီကာ ယန့်ဝေသည် ဆွဲပြားပုံစံကို မြင်လိုက်နိုင်သည် -သတ္တုဖြင့်ပြုလုပ်ထားသည့် ပျံလွှားငှက်တစ်ကောင်ပင်ဖြစ်သည်။

ပျံလွှားငှက်၏အတောင်ပံများသည် ပျံသွားတော့မည့်ပုံစံအနည်းငယ်ဖြန့်ကားနေသည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now