Chapter-2 (part1)

408 74 0
                                    

【Unicode】

ပူနွေးသောသွေးစက်များက အစောင့်၏ ခန္ဓာကိုယ်နှင့် မျက်နှာတစ်ဝိုက်ပေါ်သို့ စီးကျလာသည်။

အနီရောင်သွေးစက်လေးများက သူ၏မျက်နှာပေါ်သို့ ဖြည်းညှင်းစွာ လိမ့်ဆင်းလာကာ သန့်ရှင်းသော အနက်ရောင်ကုတ်အင်္ကျီပေါ်သို့ ကျဆင်းသွားသည်။

ကုတ်အင်္ကျီမှာ အနက်ရောင်ဖြစ်သောကြောင့် အရောင်များကိုမမြင်နိုင်ပေ။ သွေးစက်များစွန်းထင်းခဲ့သော နေရာအချို့တွင်သာ အရောင်မှာ အနည်းငယ် ပို၍နက်မှောင်လာသည်ကို မြင်နိုင်သည်။

သို့သော်လည်း အစောင့်ကတော့ ထပ်မံပြုံးလိုက်ပြီး "ဧည့်သည်တို့..ကျွန်‌တော်နဲ့အတူ စားသောက်ခန်းဆီ လိုက်လာခဲ့ပေးကြပါ"

ဤကဲ့သို့သော မြင်ကွင်းသည် ကစားသမားများ အတွက် ပထမဆုံးအကြိမ် မြင်ဖူးသည့် အရာဖြစ်သည်မှာ ထင်ရှားသည်။ လူတော်တော်များများမှာ ငုံ့၍အန်နေကြ၏။ ဧည့်ကြိုကောင်တာကို မှီနေသောလူတစ်ယောက်သည်သာ ဘာမှမဖြစ်ခဲ့သကဲ့သို့ ငြိမ်သက်လျက် မထူးခြားသည့်ဟန်ဖြင့် မျက်လုံးများကို ပင့်ကြည့်လိုက်သည်။
ယန့်ဝေအတွက်လည်း ထိုကဲ့သို့ကြုံရခြင်းမှာ ပထမဆုံးပင်ဖြစ်သည်။

သူသည်လည်း တခြားသောသူများကဲ့သို့ စက်ဆုပ်ရွံရှာမှုနှင့်ကြောက်လန့်မှုတို့ကို ထုတ်ဖော် ပြသင့်သည်ဟု ခံစားမိသော်ငြား ဤကဲ့သို့သော အရာမျိုးကို မကြောက်ရွံ့မိဘဲ ယခင်ကထက်ပင် ပိုမိုငြိမ်သက်လာသည်ကို ကိုယ်တိုင်သတိထားမိလိုက်သည်။

ယခုနေရာသို့ မရောက်မီတွင် လျှို့ဝှက်ဆန်းကြယ်သော 'မျှော်စင်' အကြောင်းက ပြောထားပြီးသားဖြစ်သည်။ သေခြင်းတရားသည် အချိန်မရွေးဖြစ်ပျက်သွားနိုင်သည်။ ယခုကဲ့သို့အဖြစ်အပျက်မျိုးမှာ တစ်ကြိမ်တစ်ခါထက်မက ပိုမိုဖြစ်လာမှာ သေချာလွန်းလှသည်။

သူ သေလို့ မဖြစ်ပါ။

သူသည် ဤနေရာတွင် သေချာပေါက် ရှင်သန်ရမည်။ အသက်ရှင်ကျန်ရစ်ပြီး ဤမျှော်စင်ထဲမှ လွတ်မြောက်ရန် နည်းလမ်းတခုခုကို ရှာဖွေရမည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now