Chapter 11

227 47 0
                                    

အပိုင်း(၁၁) : Promenade Hotel(၁၁)

ယန့်‌ဝေ ဖုန်းအား ခဏမျှစိုက်ကြည့်နေလိုက်သည်။

ဓာတ်ပုံထဲမှ အမျိုးသမီးသည် လှပသော အသွင်ရှိပြီး သူမ၏ ပင်ကိုစရိုက်စိတ်ရင်းအား ဓာတ်ပုံထဲမှတဆင့်ပင် မြင်နေရသည်။ သူမ၏ မျက်လုံးများက ပန်းပွင့်ဖက်လေးများသဖွယ်ဖြစ်နေပြီး ထောင့်စွန်းတွင် အနည်းငယ်ပိုမြင့်တက်နေသောကြောင့် သူမ၏အပြုံးအား ပို၍ပင်ပေါ်လွင်စေသည်။

ယန့်ဝေ၏ အကြည့်များသည် ပို၍ခက်ထန်လာကာ မစ်ရှင်ကမ္ဘာထဲဝင်ရောက်ပြီးနောက် စု‌ဆောင်းရရှိပြီးသော သဲလွန်စများသည် တဖြည်းဖြည်း ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

လူတွေကို ပန်းချီကားထဲဆွဲခေါ်သွားပြီး ၎င်းတို့၏မျက်လုံးများကို ဖောက်ထုတ်ပစ်မည့်လူများ၊ ပန်းချီကားထဲက ပေါ်ထွက်လာပြီး ထိုလူများ၏မျက်လုံးများကို ဖောက်ထုတ်ကာ ပန်းချီကားထဲပြန်ဝင်သွားသော ပန်းချီဆရာ၊ ပထမဆုံးအနေဖြင့် အလောင်းအားသန့်ရှင်းရေးလုပ်ဖူးဟန် မတူသောအစောင့် ၎င်းတို့အားကြည့်ခြင်းဖြင့် မနေ့ညက သေဆုံးသွားသော ဂါဝန်ရှည်နဲ့ အမျိုးသမီးသည် ပထမဆုံးခံရသူမဖြစ်နိုင်ပေ။

တစ်စစီပြန့်ကျဲနေသည့် သဲလွန်စများအား ပြန်စီစဉ်ပြီး ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်ကြည့်လိုက်သည်။

သူသည် တစ်သျှူးအစိုအား ထုတ်လိုက်ကာ သူ၏လက်ချောင်းများတွင် ပေနေသော မိတ္တူကူးစက်မှ ဖုန်မှုန့်များကို ဂရုတစိုက်သုတ်လိုက်ရင်း "မနေ့ညက ဂါဝန်ရှည်နဲ့အမျိုးသမီး သေတုန်းက ယန့်မင်ကွမ်းနဲ့ ငါ အဲ့နေရာကို သွားကြည့်တော့ အစောင့်က အလောင်းကိုပထမဆုံးအကြိမ်ရှင်းလင်းဖူးတာမဟုတ်ဘူးဆိုတာကို သတိထားမိလိုက်တယ် ဒါက သေသွားတဲ့အမျိုးသမီးက ပထမဆုံးခံရတဲ့သူမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ"

ယန့်‌ဝေ သူ၏မေးစေ့အား ပွတ်လိုက်ကာ "ငါတို့ အခု‌ရောက်နေတဲ့ မစ်ရှင်ကမ္ဘာက ပျောက်နေတဲ့ လူတစ်ယောက်ယောက်ကို ရှာဖို့ပြောနေသလိုပဲ ပျောက်ဆုံးတယ်ဆိုတာ သေဆုံးတာနဲ့ အတူတူလိုပဲ ပြောရရင် ဒီသဲလွန်စက ဟိုအမျိုးသမီးဆရာဝန်သေတဲ့အကြောင်းကို ပြောပြနေတာ ပန်းချီဆရာရဲ့အခြေအနေပြန်ကောင်းလာတဲ့နေ့က သူမ သေခဲ့တဲ့ အဲ့ဒီဇူလိုင်၃ရက်နေ့ပဲ.....သူ့ပန်းချီကားတွေအတွက်ကတော့ သူမရဲ့ပုံတူပန်းချီကားက သူနောက်ပိုင်းအပြီးရေးဆွဲခဲ့တဲ့ တစ်ခုတည်းသောပန်းချီကားတစ်ချပ်ပဲ"

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now