19.1

137 21 0
                                    

အပိုင်း(၁၉) 

'Yan' ဟူသော စကားလုံးသုံးလုံးသည် ဖြည့်စွက်ရမည့်အကွက်တွင် ထိန်လင်း​နေပြီး အထူးသဖြင့် ထိုအရာသည် အမှောင်ထုတွေဖုံးလွှမ်းနေသည့်နေရာကို မျက်စိကျိန်းစပ်လောက်အောင် အထူးပင်ထွန်းလင်းတောက်ပြောင်နေခဲ့လေသည်။

[မစ်ရှင်ကမ္ဘာ Promenade ဟိုတယ်ရဲ့ အကောင်းဆုံးကစားသမား၏အချက်အလက် -အမည်ဝှက် 'Yan' ဟူ၍ မှတ်တမ်းတင်လိုက်ပါပြီ။ ကစားသမားများသည် အချက်အလက်ဘောင်ထဲတွင် ထိုမှတ်တမ်းကို စစ်ဆေးနိုင်ပါတယ်။ ကစားသမားများ​ကျေးဇူးပြု၍ မှတ်သား​ပေးပါ။ အကောင်းဆုံးကစားသမားဝင်ရောက်မည့် မစ်ရှင်ကမ္ဘာတွင်အ​ခြေအ​နေနှစ်ခုရှိသည် : မစ်ရှင်ကမ္ဘာမှချ​ပေးမည့် ပစ္စည်းများ ၁၀%တိုးလာနိုင်​ချေ သို့မဟုတ် မစ်ရှစ်တစ်ခုလုံး၏အခက်အခဲ ၁၀%တိုးလာနိုင်​ချေ ထိုနှစ်ချက်ထဲမှ တစ်ခုသည် ကျပန်းဖြစ်ပွားလိမ့်မည်။]

အချက်ပေးသံ၏ထုံထိုင်းပြီး ကြောက်စရာကောင်းသောအသံနှင့်အတူ 'Yan' ဟူသော အရောင်မှိန်မှိန်လေးသည် လိုက်ကာပေါ်သို့လွင့်ပျံလာပြီး အကောင်းဆုံးကစားသမားစံချိန်အဖြစ် ထိုကဏ္ဍတွင် ကျန်ရစ်ခဲ့လေသည်။ယန့်ဝေ၏ 
ညာလက် လက်ချောင်းထိပ်များသည် ဘယ်ဘက်လက်ညိုးပေါ်ရှိ အနက်ရောက်လက်စွပ်ကို မမြင်မကန်းနှင့် စမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ပါးစပ်ထောင့်လေးသည် ညင်သာစွာမြင့်တက်သွားခဲ့သည်။

ကျပန်းလား။

ယန့်ဝေသည် နောက်ဆုံးမှာ ယန့်မင်ကွမ်းရရှိခဲ့တဲ့ ကြာပွတ်၏အစွမ်းကို မျက်မြင်တွေ့ခဲ့ရသည်။ ကြာပွတ်သာမရှိလျှင် ထိုအရိုးအား ထိုမျှကြာကြာ ခုခံနိုင်မည်မဟုတ်​ပေ။ 

သူသည် မစ်ရှင်ကမ္ဘာ၏ ပို၍တိုးလာနေသော အခက်အခဲများကိုလည်း မြင်နေရပါသည်။ ထို့အပြင် ယန့်မင်ကွမ်း၊ကောင်းမင်နှင့် သူတို့နှင့် အတူဝင်ရောက်ခဲ့သော တခြားသူခြောက်ယောက်သည် ထိုမစ်ရှင်ကမ္ဘာထဲတွင်ပင် သေဆုံးခဲ့ကြရသည်။

ထိုဖြစ်နိုင်ခြေနှစ်ခုတို့သည် အခြေခံအားဖြင့် ဆန့်ကျင်ဘက်အရာနှစ်ခု ဖြစ်ကြပေလိမ့်မည်။ 

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now