17.2

212 41 0
                                    

ထိုအချိန်က စွန်းရှီ၏အခန်းဖော်ဘေးရှိ သွေးအနည်းငယ်မှလွဲ၍ သွေးလက်ရာများ မတွေ့ရခြင်းမှာ အရိုးစုသည် ဦးစွာလုပ်ဆောင်ပြီး ထို့နောက်တွင် အစောင့်သည် သက်လတ်ပိုင်းလူကြီး၏ခန္ဓာကိုယ်အား သန့်ရှင်းရေးလုပ်လိုက်သဖြင့် အရိုးစု၏လက်တွင် သွေးများကျန်ရှိမနေသောကြောင့်ဖြစ်သည်။ ကောင်းမင်၏အခန်းဖော်အား သတ်ပြီးနောက် သွေးစများ အနည်းငယ်သာ စွန်းထင်းနေသောကြောင့် အရိုးစု စွန်းရှီ၏အခန်းဖော်အား သတ်ရန် သွားသောအခါ အစွန်းတချို့သာ ကျန်နေတော့သည်။

ထို့ကြောင့် ထိုကစားသမားနှစ်ယောက်၏ အလောင်းများသည် အစောင့်၏ ပို့ဆောင်ခြင်းကို မခံရတော့ဘဲ မျက်လုံးများ ဖောက်ထုတ်ထားပုံသည် ပန်းချီဆရာ ဖောက်ထုတ်ခံရသည့်ပုံစံနှင့် ဆင်တူနေ​သော်လည်း...အရိုးစု၏လက်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

သို့သော် အမျိုးသမီးဆရာဝန်သည် မျက်လုံးများစွာကို ထုတ်ယူခဲ့သော်လည်း သူမ၏မျက်လုံးများကို ရှာမတွေ့သေးပေ။ ပန်းချီဆရာသည် ပန်းချီထဲတွင် ပုန်းနေရာ အမျိုးသမီးဆရာဝန်သည် ပန်းချီဆရာနှင့် သူမ၏မျက်လုံးတို့ကို ရှာမတွေ့နိုင်ခဲ့ပေ။

ထို့ကြောင့် နောက်ဆုံးတွင် သူမသည် သူမ၏မျက်လုံးများကို အသက်ရှင်နေဆဲဖြစ်ပြီး အသုံးဝင်ပုံရမည်ဟု ထင်ရသော သူတို့ကဲ့သို့ ကစားသမားများဆီသို့ ပစ်မှတ်ထားလာသည်။

သူမသည် ကျန်ရှိနေသေးသည့် ကစားသမားများအား စတူဒီယိုခန်းထဲမှ ပန်းချီဆရာထွက်လာစေရန် ဖြားယောင်းပြီး တစ်စုံတစ်ယောက်သည် သူမ၏မျက်လုံးအား တွေ့ရှိရန် မျှော်လင့်ချက်ဖြင့် စတူဒီယိုခန်းထဲတွင် ရှာဖွေဖို့ရာ လှည့်စားခဲ့သည်။

အနုပညာပြခန်းထဲတွင် စွန်းရှီတွေ့ခဲ့သော သဲလွန်စသည်… ထိုအရာနှင့် ဆက်စပ်နေနိုင်သည်။ စွန်းရှီသည် ဤမစ်ရှင်ကမ္ဘာအား ရှင်းလင်းနိုင်မည့် အဓိကသောချက်ကို ရှာတွေ့သည်ဟု ထင်ခဲ့သော်လည်း အမှန်မှာ ထိုအရာသည် အရိုးစုမှ သူတို့အား မြင်သွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ချန်ထားခဲ့သော မှားယွင်းနေသည့် အချက်အလက်သာ။ နောက်ဆုံးတွင် စွန်းရှီ၏ စွမ်းရည်များသည် မလုံလောက်​ပေ။ သူသည် အရိုးစု၏လှည့်ဖျားခြင်းကို ခံခဲ့ရသော်လည်း ပန်းချီဆရာထွက်လာစေရန် မစွမ်းဆောင်နိုင်ဘဲ စတူဒီယိုခန်းထဲတွင် သေခြင်းတရားနှင့်သာ အဆုံးသတ်ခဲ့ရသည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now