Chapter 6.1

313 51 1
                                    

အပိုင်း(၆.၁) Promenade Hotel

သူ၏မျက်လုံးများအား ဓါထိုးမိသွားသည့်အခိုက်တွင် ကောင်းမင်ဆီမှ စူးရှသောအော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

—ထိုအရာမှာ တကယ်​တော့ မိန်းမတစ်ယောက်၏ အော်သံဖြစ်သည်!

ထို့အပြင် ကောင်းမင်၏ ညာဘက်မျက်လုံးမှ ထွက်လာ​သောအရာမှာ နီနီရဲရဲသွေးမဟုတ်ဘဲ ထူထဲပြစ်နှစ်သည့်အနက်ရောင် အရည်များဖြစ်သည်။ ထိုအရာသည် အခန်းနံပါတ်'၅'တွင် ယန့်မင်ကွမ်း ပုံတူပန်းချီကားထဲရှိ မျက်လုံးများအားထိုး​ဖောက်လိုက်ရာမှ ပန်းချီကားထဲရှိအမျိုးသမီးဆီမှ ထွက်ကျလာသော ‘သွေးများ’ နှင့်တူ​ပေသည်။

ဤအရာသည် ပန်းချီကားထဲရှိ လူများ၏သွေးဖြစ်သည်။

ယန့်မင်ကွမ်း၏ အရှေ့တွင်ရှိသော မျက်လုံးမရှိသည့်မိန်းကလေး ရုတ်တရက် ပျောက်ကွယ်မသွားခင် တခဏမျှသော စူးရှသည့်အော်သံသည် အဆုံးသတ်သွားပြီး ကောင်းမင်သည် ထိုမိန်းကလေး၏ပုံစံ ပြောင်းသွားသည်။

မျက်လုံးမရှိသည့် မိန်းကလေးသည် ကတ်ကြေးတစ်စုံကို ကိုင်ထားလျှက် တံခါးအရှေ့တွင်ရပ်နေပြီး သူ၏ညာဘက်မျက်လုံးတွင်လည်း ဓားတစ်ချောင်း စိုက်ဝင်နေကာ ထူပျစ်သည့် အနက်ရောင်အရည်များ စီးကျနေခဲ့သည်။ ခဏအကြာတွင်သူမသည် တဖြည်းဖြည်းချင်း တစစီ အစိတ်စိတ်အမြွှာမြွှာဖြစ်လာသည်။ ယန့်မင်ကွမ်း၏ဓား  မြေပြင်​ပေါ်သို့ကျသွားသည့်အသံနှင့်အတူ မျက်လုံးမရှိသော မိန်းကလေးသည်လည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

အနုပညာခန်းမထဲရှိ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်တိုက်ခိုက်မှုများလည်း ယခုအဆုံးသတ်သွားခဲ့ပြီ။ ပန်းချီကားတင်သည့် ထောက်တိုင်များသည် မထိကိုင်ရသေးသကဲ့သို့ ထောင်လျက်သားရှိနေပြီး ကြမ်းပြင်တွင်လည်း မရေမတွက်နိုင်သော ပန်းချီကားများပြန့်ကျဲနေခဲ့သည်။

စတူဒီယိုတံခါးသည် သူတို့မတွေ့ခင်ကကဲ့သို့ ပွင့်မနေခဲ့ပေ။အချိန်တစ်ခု၌ သူတို့မသိလိုက်ခင် တံခါးပိတ်သွားခဲ့ပြီး တံခါး၏အနောက်ဘက်တွင် ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားသည်။ ၎င်းမှာ ပန်းပွင့်များကို ကတ်ကြေးဖြင့် အလှဆင်ရန်ညှပ်နေသော အမျိုးသမီးငယ်လေးတစ်ယောက်၏ ပန်းချီကားပင်ဖြစ်သည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now