Chapter-1(part-2)

484 81 1
                                    

Part-2
【Unicode】

ခရစ်စတယ်မီးဆိုင်းတစ်ခုက မျက်နှာကြတ်တွင်ဖြည်းဖြည်းချင်းလှည့်နေကာ တောက်ပသောအလင်းရောင်များက အရပ်မျက်နှာအားလုံးသို့ ဖြန့်ကျဲနေသည်။ ကြမ်းပြင်မှ မျက်နှာကြတ်အထိမှန်များနှင့် အလှဆင်ထားသော ပန်းချီကားချပ်များကို နံရံနှစ်ဖက်လုံးတွင် ဖြန့်ခင်းထားပြီး
ရှိပြီးသားထက်ပို၍ ကျယ်ဝန်းသော နေရာပေါ်ထွက်လာအောင် ပြုလုပ်ထားသည်။

ဒီနေရာသည် ဟိုတယ်ဧည့်ခန်းဖြစ်လေသည်။

ဟိုတယ်၏ကောင်တာဘေးတွင် သူ့ကဲ့သို့ပင် မတ်တပ်ရပ်နေသော လူရှစ်ယောက်အား တွေ့လိုက်ရသည်။အမျိုးသား အမျိုးသမီး သူအပါအဝင်ကိုးယောက်ဖြစ်လေသည်။

ကျန်လူများကတိတ်ဆိတ်ပြီး ဗလာကျင်းနေသောထိုနေရာပတ်ပတ်လည်အားကြည့်ရှုပြီး အံ့အားသင့်မှုနှင့် စိတ်ရှုပ်ခြင်းမှာ ပေါ်လွင်နေသည်။ယန်ဝေ့ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့အား လူအများအပြားက ငေးစိုက်ကြည့်ကာ အကဲခတ်နေခဲ့ကြသည်။ထိုအကဲခတ်သည့်အကြည့်များက ယန်ဝေ့မျက်နှာပေါ်တွင် အချိန်အတော်ကြာဖြစ်နေခဲ့၏။

ယခုကဲ့သို့ယဉ်ကျေးမှုမရှိဘဲ ‌စိုက်ကြည့်ခံရခြင်းမျိုးအား ယန်ဝေ့မုန်းလေသည်။ကံကောင်းစွာနှင့်ပင် အရမ်းမကြာလိုက်။သူ့အား ကြည့်နေခြင်းနှင့်နှိုင်းယှဉ်ကြည့်လျှင် သူတို့ရောက်နေသောနေရာက ဘယ်လိုမျိုးလဲဆိုသည်အား နားလည်နိုင်ရန် ပို၍အရေးကြီး‌လေသည်။

ယန့်ဝေ ပတ်ပတ်လည်အားကြည့်ရှုလိုက်သည်။အစောပိုင်းက သိခဲ့ရသော အပန်းဖြေဟိုတယ်၊ ကစားသမားများနှင့် လှေကားများကို တွေးကြည့်ပြီး ဘာဆက်ဖြစ်ဦးမလဲဆိုသည်ကို ယေဘုယျအားဖြင့် တွေးကြည့်လိုက်သည်။

သူနှင့်ကစားသမားရှစ်ယောက်စလုံးသည် လက်ရှိ အပန်းဖြေဟိုတယ် မစ်ရှင်ကမ္ဘာငယ်တွင် ရှိနေလေသည်။

ကစားသမားများက စကားလက်ဆုံပြောနေခဲ့ကြသည်။

"ဒါက ဘယ်နေရာလဲ ငါက အနက်ရောင်မျှော်စင်ကို စိတ်ထဲမှာ‌ ပေါ်လာတာလို့ပဲ ထင်မိပြီး ဝင်လာခဲ့တာလေ ငါဘာလို့ဒီနေရာမှာ ရုတ်တရက်ပေါ်လာရတာလဲ"

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now