16.2

185 39 0
                                    

သူတို့သုံးဦး ဓာတ်လှေကားဆီသို့ ပြန်သွားသောအခါ ဓာတ်လှေကားသည် သူတို့အထပ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ စောင့်ရန်မလိုသောကြောင့် သူတို့သည် ဝင်သွားကာ တစ်ဆယ့်ငါးထပ်ခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။

“တီ...”

ဓာတ်လှေကားသည် ဆယ့်ငါးထပ်သို့ ရောက်သွားပြီး လေးလံသောတံခါးကြီးသည် တဖြည်းဖြည်း ပွင့်သွားသည်။

ယခုမှသာလျှင် ယန့်ဝေသည် သွေးနံ့ပြင်းပြင်း၏လားရာကို နားလည်သွားတော့သည်။

သူသည် သူ၏ပိုးမွှားအကြောက်လွန်ရောဂါကို တောင့်ခံကာ ထွက်လာခဲ့သည်။ သူတို့သုံးဦးသည် နံရံနှစ်ဖက်ရှိ ပန်းချီကားများမှ ထွက်လာသော လက်များကို ဂရုတစိုက်ရှောင်ရှားကာ ကြမ်းပြင်ပေါ်တွင် ဖုံးလွှမ်းနေသော အနက်ရောင် သွေးပျစ်ပျစ်တို့ပေါ်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းနေကြသည်။ ယခုအချိန်တွင် လျှောက်လမ်းသည် ယခင်နှင့် လုံးဝကွဲပြားနေသည်။

နဖူးထက်တွင် ချွေးစေးများပြန်နေသော ကောင်းမင်သည် မျက်မှန်ကို ပင့်တင်လိုက်ကာ ပြောလာသည်:  “ငါတို့ ဒီက ခဏလောက်ထွက်သွားတာနဲ့ အရာအားလုံးက အခုလိုဖြစ်သွားပြီ ငါတို့သွားတုန်းက အဲ့ဒီလက်တွေက သန့်ရှင်းနေပြီး....စီးနေတဲ့သွေးတွေကလည်း ဒီမှန်တွေကို မဖုံးသွားသေးဘူး။ ဒီသွေးတွေ လက်မောင်းတွေအားလုံး ရောင်ပြန်ဟပ်နေတာက ချောက်ချားစရာကြီး”

အလယ်မှ လျှောက်နေသော ယန့်ဝေသည် ရုတ်တရက် ရပ်တန့်သွားကာ သူ့ကို ပြန်ကြည့်လာသည်။

ကောင်းမင်သည် အံ့အားသင့်သွားကာ : “ဘာလို့ ငါ့ကို ကြည့်နေတာလဲ”

လူငယ်၏မျက်လုံးများသည် အနည်းငယ်လှုပ်ရှားသွားသည်။

သူတို့၏ပတ်ပတ်လည်တွင်သာမက ဖိနပ်အောက်ခံပြားတွင်ပါ သွေးများရှိနေကာ ယခုလိုအခြေအနေတွင် ယန့်ဝေ၏ ဖြူရော်ရော်အသားအရေသည် ပို၍ပင် ဖြူဖပ်ဖြူရော်ဖြစ်လာသည်။

“ငါထင်တာတော့” ဤအချိန်တွင် ယန့်ဝေ၏နှုတ်ခမ်းထောင့်စွန်းများသည် အမှန်တကယ်ပင် ကွေးတက်နေကာ မျက်လုံးများပါ ပြုံးနေပြီး : “မင်းက ငါ့ကို အရေးကြီးတဲ့အရာကို သတိပေးလိုက်တာပဲ”

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now