15.2

229 46 0
                                    

လင်ကျန်းသည် ပေါ့ပါးစွာ ရယ်လာသည်။ နူးညံ့သည့်အသွင်အပြင်ထက်တွင် ဖြစ်ပေါ်လာသောအပြုံးသည် နတ်ဆိုးဆန်ကာရက်စက်ဆိုးယုတ်နေပြီး : “ငါကြားတာတော့ မင်းရဲ့အမှိုက်လို ညီက မကြာခင်မှာ မစ်ရှင်ကမ္ဘာထဲ ဝင်တော့မယ်ဆို။ အရိုးရှင်းဆုံးကမ္ဘာတစ်ခုကို ရွေးချယ်လို့ရအောင် သူ့ကို အလောင်းအစားတစ်လှည့်လောက် နိုင်စေချင်နေမှာပေါ့။ အဲ့ဒီလိုဆိုရင် အလောင်းအစားရလဒ်ကို စောင့်နေတာထက် သူ့အတွက် အသက်ကယ်ပစ္စည်းတချို့ရအောင် မြန်မြန်လုပ်ပေးသင့်တယ်။ လောင်းကြေးရှုံးသွားတာနဲ့ မင်းရဲ့ အမှိုက်လိုညီက ခက်ခဲမှုအဆင့်မြင့်တဲ့ကမ္ဘာထဲကို ချက်ချင်းဆွဲခေါ်သွားခံရလိမ့်မယ်....”

ကျန်းရှို့သည် မကျေမနပ်ဖြင့် : “မင်း ဘာကိုဆိုလိုတာလဲ”

“ဒီမစ်ရှင်ကမ္ဘာက ရှင်းလင်းခံရတော့မှာ”

“လာနောက်နေတာလား? ဒိုင်ယာရီစာအုပ်အတုနဲ့ လှည့်စားခံနေရတဲ့ အဲ့ဒီကစားသမားနဲ့လေ? အဲ့ဒီကစားသမားက သူ့ကမ္ဘာရဲ့ခက်ခဲမှုကို လျှော့တွက်ထားတာပဲ။ အဲဒီကမ္ဘာက အခု အဆင့်ငါး ဒါမှမဟုတ် ပိုမြင့်တဲ့ကမ္ဘာဖြစ်နေပေမဲ့ သူက သူ့ရဲ့အဆင့်နှစ် မဟုတ်ရင် အဆင့်သုံးကစားသမား အတွေ့အကြုံကိုသုံးပြီး ဒါကို ရှင်းဖို့ ကြိုးစားနေတာ။ သူက သေချာပေါက် သေမှာ။ ဒီအရူးအုပ်စုက ရှုံးသွားလိမ့်မယ်လို့ ငါလောင်းတယ် မင်း စောင့်ကြည့်နေလိုက်”

“မင်းက အရူးပဲ”လင်ကျန်းသည် ပိုပြီး ပြုံးလာကာ သူ၏မျက်ဝန်းထဲတွင် ဖုံးကွယ်ထားသော သွေးဆာမှုနှင့် ပျော်ရွှင်မှုတို့ ရှိနေပြီး : “စွန်းရှီရဲ့မြင်ကွင်းထဲမှာ အနက်ရောင်ဂျာကင်အင်္ကျီဝတ်ထားတဲ့ ဆံပင်ငွေရောင်နဲ့လူကို မမြင်ဘူးလား။ အဲ့ဒီလူက ကစားသမားအသစ်ပဲဖြစ်မယ်။ သူ့မျက်နှာကို မမြင်ရပေမဲ့ သူက သန်မာတယ်...အရမ်းသန်မာတယ်ဆိုတာ ငါပြောနိုင်တယ်။ အဲ့ဒီစွန်းရှီကတော့ သေမှာပဲလေ တ​စ္ဆေတွေသတ်လို့ သေမဲ့ သူ့ရဲ့နောက်ဆုံးအချိန်လေးကို ခံစားပါရစေဦး....”

ပန်းချီကားများမှ ဆန့်ထွက်နေသော လက်မောင်းတို့ကို အကြောက်အလန့်မဲ့စွာ ရှောင်ရှားပြီး အနုပညာစတူဒီယိုခန်းသို့ ရောက်ရှိသွားသည့်စွန်းရှီကို ကြည့်ကာ လင်ကျန်းသည် အားရပါးရ အော်ရယ်လာသည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now