Chapter-3 [part-2]

366 70 1
                                    

【Unicode】

Chapter-3 [part-2]

ဂါဝန်ရှည်နဲ့ အမျိုးသမီးမှာ ယခုလေးတင် ကောက်ယူကိုင်ထားသည့် ဓားနှင့် ခက်ရင်းကို အလျင်အမြန် ပြန်ချထားလိုက်လေသည်။ သူမသည် တုံ့ဆိုင်းနေပြီး

" ဒါပေမဲ့ အခုလေးတင် အစောင့် ကျွန်မတို့ကို ပြောခဲ့တာက..... စားထားဖို့မဟုတ်ဘူးလား?"

"ဘယ်လိုပဲဖြစ်ဖြစ် သူက ဒီနေရာမှာ မရှိဘူးလေ မင်းရဲ့ပန်းကန်ထဲက အစားအသောက်တွေကို နည်းနည်းလောက် ဖယ်ထားလိုက်ရင် ငါတို့ စားမစား သူက ဘယ်လိုလုပ်သိမှာလဲ၊ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ ဒီလူငယ်လေးက စားရဲတာနဲ့ မင်းကရော သူ့လို လိုက်လုပ်ရဲလား၊ သူက နည်းနည်း ကြည့်ကောင်းရုံလေးပဲရှိတာ... အဲ့ဒါက မင်းရဲ့ကိုယ်ပိုင်အကဲဖြတ်နိုင်စွမ်းကိုပါ လျော့ကျသွားစေတာလား"

'လူငယ်လေး' ဆိုသည်မှာ ယန့်ဝေကို ညွှန်းဆိုခြင်းပင်။

သက်လတ်ပိုင်းအရွယ်လူကြီးသည် ရန်စ၍ မရနိုင်ကြောင်း သိသာလှသည့် ယန့်မင်ကွမ်းအား မည်သည့်စကားမှ မပြောရဲသကဲ့သို့ အဖွဲ့သားအားလုံးကို ဦးဆောင်နေသော ကောင်းမင်ကိုလည်း တိုက်ရိုက် အပြစ်မတင်ရဲသည့်အတွက် 'နူးညံ့တဲ့တည်သီး' ကဲ့သို့သော ယန့်ဝေကို ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူသည် ရှေ့တည့်တည့်မှ စားစရာများနှင့် ပိုဝေးသွားစေရန် နောက်သို့ မှီချလိုက်ကာ

" အဲ့ဒီအစောင့် ပြန်ရောက်လာရင် ဒီမှာရှိနေတဲ့အသားတွေက လူသေကောင်တွေ၊ သွေးတွေ ဆံပင်တွေအဖြစ် ပြောင်းရင် ပြောင်းသွားမှာ....ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ မစားဘူး"

သူသည် အလွန်အကြူး သေသေချာချာကို ပြောနေပြီး တခြားကစားသမားများသည်လည်း မတတ်နိုင်ဘဲ မြင်ကွင်းကို မြင်ယောင်လာကာ လူတိုင်းနီးပါး အကုန်ပြန်အန်ထုတ်လာကြသည်။

အစောပိုင်းက ယန့်ဝေဟာ ရင်းနှီးရန်လွယ်ကူသည်ဟု ထင်ထားကြသော ကစားသမားများသည် ယခုအချိန်မှာတော့ သူ့ကိုစကားမပြောကြတော့ဘဲ ကောင်းမင်ကိုယ်တိုင်တောင်မှ အနည်းငယ်တုံ့ဆိုင်းသွားသည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now