14.2

186 37 0
                                    

စိတ်ခံစားမှုများသည် အသုံးမဝင်သည့်အရာများ ဖြစ်ကြသည်။

ခဏကြာသော်။

ယန့်မင်ကွမ်းသည် တံခါးကိုဖွင့်ကာ အထဲသို့ အရင်ဝင်လိုက်ပြီး အသံတိုးတိုးဖြင့် ​ပြောလိုက်သည် “ကောင်းတာပေါ့”

ယန့်ဝေနှင့် ယန့်မင်ကွမ်းသည် ည၏ဒုတိယပိုင်း ကို အေးအေးချမ်းချမ်းဖြတ်သန်းခဲ့ကြပြီး သူတို့အခန်းထဲတွင် တခြားအရာများမဖြစ်ပွားခဲ့ဘဲ ပန်းချီဆရာလည်း ထပ်ရောက်လာခြင်းမရှိခဲ့သလို ယန့်မင်ကွမ်း ရိုက်ခဲ့သော စားပွဲထိုးသည်လည်း ပေါ်လာခြင်းမရှိခဲ့သည့်အပြင် မနေ့ညက အခန်းပတ်ပတ်လည်တွင် လိုက်စမ်းခဲ့သော သွေးစွန်းနေသည့် လက်ရာများလည်း ပေါ်မလာခဲ့ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် သန်းခေါင်ယံကျော်ပြီး မကြာမီတွင် ဘေးအခန်းမှ သက်လတ်ပိုင်းအရွယ်လူကြီး၏ အော်သံကို ကြားလိုက်ရသည်။ ဤအချိန်တွင်တော့ ယန့်ဝေနှင့်ယန့်မင်ကွမ်းသည် မနေ့ညကကဲ့သို့ အလျင်အမြန် ထမသွားတော့ဘဲ အိပ်ရာထဲတွင် တိတ်တဆိတ် လဲလျောင်းရင်း ဆူညံသံတွေကြားတွင် အိပ်ပျော်အောင် ကြိုးစားလိုက်ကြသည်။

နံရံပေါ်ရှိ နာရီသည်လည်း အချိန်ကုန်သွားသည်နှင့်အမျှ တဖြည်းဖြည်းချင်း တစ်ချက်ချက်မြည်နေလေသည်။

အရုဏ်တက်ပြီး ထရမည့်အချိန်တွင် ယန့်ဝေနှင့် ယန့်မင်ကွမ်းသည် နိုးလာခဲ့သည်။ ယနေ့သည် နောက်ဆုံးနေ့ဖြစ်သည်။ ဆယ့်နှစ်နာရီထက် အနည်းငယ်သာ ပိုကျန်နေသောကြောင့် သူတို့မှာ အချိန်အများကြီး မရှိတော့ချေ။

သူတို့နှစ်ယောက်သည် ယမန်နေ့ညက သက်လတ်ပိုင်းအရွယ်လူကြီး မည်သို့ဖြစ်မည်ကို ကောင်းကောင်းသိနေသောကြောင့် ဤအချိန်တွင် သူ၏အခန်းကို စစ်ဆေးရန် အပင်ပန်းမခံကြတော့ပေ။ သူတို့ဖြတ်လာချိန်တွင် အကြမ်းဖျင်းသာ ကြည့်လိုက်ကြသည်။

အခန်းထဲရှိ ကြမ်းပြင်ပေါ်တွင် သွေးစွန်းကွက်များသာ ကျန်ရှိနေသည်။ သက်လတ်ပိုင်းအရွယ်လူကြီး၏ ခန္ဓာကိုယ်သည် သေဆုံးနေပြီး...ဖြစ်နိုင်သည်မှာ အရင်နေ့ညက အမျိုးသမီးအတိုင်း ဖြစ်ပွားခဲ့ပြီး ကြမ်းပြင်ပေါ်တွင် လဲကျသွားပုံပင်။ နှစ်ယောက်သားသည် ဤနေရာတွင် အချိန်ဖြုန်းမနေတော့ဘဲ ပထမထပ်ရှိ စားသောက်ဆိုင်သို့ တည့်တည့်မတ်မတ် သွားလိုက်ကြသည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now