Chapter-3 [part-1]

376 70 1
                                    

【Unicode】

Chapter-3[part-1]

ကံကောင်းထောက်မစွာဖြင့် အစောင့်၏ စက်ဆုပ်ရွံရှာမှုက မည်သည့်ဆိုးကျိုးမျှ ချက်ချင်းလက်ငင်း သက်ရောက်ခြင်းမရှိ‌သေးပေ။

အစောင့်က ရှေ့သို့ ဆက်လက်ဦးတည်လျှောက်နေပြီး သူတို့အား စင်္ကြံလမ်းမှတစ်ဆင့် စားသောက်ခန်းဆီသို့ ခေါ်ဆောင်သွားလေသည်။

ယန့်ဝေသည် သူနှင့်အတူ အမြဲယူဆောင်လေ့ရှိသည့် တစ်ရှူးအစိုကို လေကာအင်္ကျီအိတ်ကပ်အတွင်းမှ ထုတ်ယူလိုက်ပြီး အခြားကစားသမားများဆီသို့ ပြန်မရောက်သေးခင် မျက်နှာအား ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။

ကောင်းမင်သည်လည်းပဲ အနောက်ကနေ လိုက်လာရာ စင်္ကြံ၏ ထောင့်ချိုးကို ကွေ့လိုက်ပြီးနောက် ယန့်ဝေနှင့် အစောင့်တို့ စကားပြောနေသည်ကို မြင်လိုက်ရသည်။

အစောင့်ဆီ စတင်ချဥ်းကပ်သူက ယန့်ဝေဖြစ်ကြောင်းကို မမြင်တွေ့လိုက်ရသဖြင့် အစောင့်က ယန့်ဝေကို ပစ်မှတ်ထားနေသည်ဆိုသော အတွေးများ ရုတ်တရက်ဝင်ရောက်လာခဲ့သည်။

ယန့်ဝေပြန်လှည့်လာသည်ကို မြင်သည်နှင့် သူ၏ပခုံးကို ပုတ်၍ စိုးရိမ်တကြီး မေးလိုက်မိသည်။

" ခုနက ဘာတွေဖြစ်သွားတာလဲ၊ အစောင့်ကို မင်းကို လာပြီး စကားပြောတာလား? မင်း လူသားမဟုတ်တဲ့အရာတွေနဲ့ ဝေးဝေးမှာနေသင့်တယ် ... အရမ်းနီးကပ်လွန်းသွားရင် မင်းကို သတိထားမိလာပြီး စကားတွေအများကြီးပြောရင်းနဲ့ အမှားတွေပါသွားရင် သေခြင်းတရားနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်... အခုရော? ဘာမှမဖြစ်ဘူးမလား?"

အစောပိုင်းက ခန်းမထဲတွင် ယန့်ဝေတစ်ယောက် အလောင်းကောင်ကို ရှောင်ရှားနေခဲ့ခြင်းက အတွင်းစိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေခြင်းကြောင့် ဖြစ်နိုင်သည်။ သာမန်လူများသည် ပထမဆုံးအကြိမ် အလောင်းကောင်ကို မြင်တွေ့ရလျှင် ကြောက်ရွံ့တတ်ကြပြီး အစောင့်၏ စစ်ဆေးမေးမြန်းခြင်းကိုပင် ခံထားရသည့် ယန့်ဝေ၏ အခြေအနေမှာတော့ ကောင်းသည့်ဘက်တွင် ရှိမနေနိုင်လောက်‌ပေ။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now