18.1 [ARC 1 END]

256 46 0
                                    

အပိုင်း(၁၈) : Promenade Hotel(၁၈)

ယန့်မင်ကွမ်းသည် ဒဏ်ရာရထားသည်။

ယန့်ဝေ မည်မျှပင်ကြိုးစားရှောင်နေပြီး ကောင်းမင်သည်လည်း မည်မျှပင်အားနည်းသည့် အခြေအနေရောက်နေပါစေ ထိုလူသည် ဤနေရာတွင် ထိခိုက်ဒဏ်ရာများကို ဂရုမစိုက်ဘဲ တစ္ဆေများနှင့်သာ တိုက်ခိုက်နေခဲ့သည်။ အရိုးစုနှင့် အနည်းငယ် အပြန်အလှန်တိုက်ခိုက်ပြီးချိန်တွင် သူ၏မျက်နှာထက်တွင် သွေးများ ပေကျံလာသည်။

ထိုစိတ်ရှုပ်စရာကောင်းလှသည့် အချိန်တိုအတွင်းမှာပင် အရိုးစုသည် ယန့်ဝေအား ဖမ်းခေါ်သွားပြီး သူ၏လက်မောင်းကို သူမ၏ချွန်ထက်လှသည့် အရိုးလက်ချောင်းများနှင့် ထိုးဖောက်လိုက်သောကြောင့် သူ၏လေကာအင်္ကျီလက်တွင် သွေးများ စွန်းထင်းသွားလေသည်။

သူသည် နာကျင်သောကြောင့် မျက်ခုံးများအား တွန့်ချိုးကာ သူ၏မျက်လုံးဆီသို့ လှမ်းလာသော အရိုးစု၏တခြားလက်တစ်ဖက်ကို အတတ်နိုင်ဆုံး တားဆီးနေသော်ငြား အရိုးစုနှင့် သူသည် အင်အားချင်း အလွန်ကွာခြားလှသည်။ သူမအား တားနေခြင်းကလည်း အလဟဿသာ ဖြစ်နေပြီး သူမ၏လက်များသည် မျက်လုံးဆီသို့ ရောက်လာတော့မည်ဖြစ်သည်။

ယန့်ဝေ၏နောက်မှ ယန့်မင်ကွမ်းသည် လက်ထဲမှ ကြာပွတ်ကို မြှောက်၍ ယန့်ဝေ၏ လက်ကောက်ဝတ်ကို ရစ်ပတ်ကာ ဆွဲလိုက်သည်။

ယန့်ဝေ၏လက်မောင်းသို့ ထိုးဖောက်ဝင်​ရောက်​နေသော အရိုးစုလက်ချောင်းအား ဆွဲထုတ်လိုက်သောကြောင့် သွေးများ ဖြာထွက်လာသည်။ ထိုဆွဲအားကြောင့် ယန့်ဝေသည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားက အခန်း ၁ ရေချိုးခန်းဘေးသို့ လဲကျသွားသည်။

သူသည် နာကျင်မှုကို တောင့်ခံရင်း မတ်တတ်ရပ်ကာ အိပ်ရာခင်းဖုံးလွှမ်းထားသော ရေချိုးခန်းထဲမှ မှန်ကို တစ်ချက်ကြည့်လိုက်သည်။

နောက်ထပ် လှည့်စားထားပြန်ပြီ။

ပန်းချီဆရာသည် သူမ၏မျက်လုံးများအား အနုပညာစတူဒီယိုခန်းထဲတွင် ဝှက်ထားသည်ဟု ဆရာဝန်က ပြောခဲ့သော်လည်း ထို​နေရာ၌ ဝှက်​ရောဝှက်ထားရဲ့လား။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now