Chapter 9

233 37 0
                                    

အပိုင်း(၉) Promenade hotel(၉)

ယန့်မင်ကွမ်းလည်းရောက်လာလေသည်။

ဤကျဉ်းမြောင်းသောလျှောက်လမ်းသည် နေ့အချိန်တွင် မီးထွန်းထားခြင်းမရှိသလို ပြတင်းပေါက်လည်းမရှိသဖြင့်

ပွင့်နေသောဟိုတယ်ခန်းများ၏ အလင်းရောင်ဖြင့်သာလင်းနေရာ ယန့်မင်ကွမ်း၏အရိပ်သည်ရှည်မျောမျောဖြစ်နေလေသည်။

ယန့်ဝေသည် မတ်တပ်ထရပ်ကာ ပြောလာသည် “ကျွန်တော်တို့မှာအချိန်မရှိတော့ဘူး တကယ်လို့ဒီညမှာတစ်ယောက်ယောက်က သေခြင်းတရားရဲ့ အစပျိုးမှုကိုကျော်လွှား နိုင်ခဲ့ရင်တောင် တစ်နေ့မှာလူနှစ်ယောက်အနည်းဆုံးသေနေရင် ကျွန်တော်တို့လေးရက်ပဲအများဆုံးကျန်တော့တယ် ကျွန်တော်တို့အချိန်ဆွဲနေလေ ပိုပြီးအန္တရာယ်များလာလေဆိုတာ ပြောနေစရာကိုမလိုတော့ဘူး”

သူ့၏စော​​စောကအတွေးကိုပဲ ထပ်ပေါင်းထည့်ကာ ပြောလာသည် “ကျွန်တော်အစက ဆေးရုံမှာတစ်ရက်နေမလို့ ပြီးတော့ နောက်နေ့ကျရင် အနုပညာခန်းကိုသွားမယ်ပေါ့ ဒါပေမဲ့ ကြည့်ရတာ အချိန်အရမ်းကြာသွားလိမ့်မယ် ပြီးတော့ မြေအောက်ထပ်နဲ့ အပေါ်ထပ်ကအခန်းနံပါတ်'၁'လည်း ကျန်သေးတယ်…”

အချိန်သိပ်မကျန်တော့​သော်လည်း သဲလွန်စရနိုင်သောနေရာများက ကျန်နေသေးသည်။

ယန့်မင်ကွမ်းသည် အမူအယာမဲ့နေသော်လည်း မျက်လုံးများမှာ လေးနက်နေကာ ဘာကိုမှကြောက်မနေသည့်အတိုင်း ဆိုလာလေသည်။ “သွားရအောင် မနက်စာစားချိန်ရောက်တော့မယ်”

ပြောပြီးသည်နှင့်အမျိုးသားသည် ဓာတ်လှေကားဘက်သို့ ထွက်သွားသည်။ ယန့်ဝေသည်လည်း အရုပ်နှစ်ရုပ်အားမထိတော့ဘဲ ယန့်မင်ကွမ်းနောက်သို့လိုက်သွားတော့သည်။

စိတ်ညစ်ညူးဖွယ်ကောင်းသော ရှည်းလျားတဲ့လျှောက်လမ်းထက်တွင် လူနှစ်ယောက်၏လမ်းလျှောက်သံသည် တစ်ချက်ပြီးတစ်ချက်ကြားနေရကာ ယခုလိုထူးဆန်းနေသောနေရာတွင်ပင် ခြေသံများသည် အေးဆေးနေလေသည်။

ယန့်မင်ကွမ်းနောက်မှလိုက်နေသော ယန့်ဝေသည်ခဏမျှစဉ်းစားပြီးနောက်ပြောလာခဲ့သည် “ဟေး ဒီကရေခဲတုံးလူကြီးမင်းခင်ဗျ….”

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now