Chapter 12

201 39 0
                                    

အပိုင်း(၁၂) : Promenade Hotel(၁၂)

လမ်းသရဲစတိုင် ဝတ်ဆင်ထားသည့်လူငယ်သည် ကျန်းရှို့ဟုခေါ်ကာ သူ၏ဘေးမှလူငယ်သည် သူ၏ညီ ကျန်းဖင်းဖြစ်သည်။

တခြားကစားသမားများ အလောင်းအစားလုပ်ရန် ရောက်ရှိလာသည့်ဟင်းလင်းပြင်ကြီးတွင် ကျန်းရှို့တစ်ယောက် မတ်တတ်ရပ်နေသောကြောင့် သတိထား၍ ​ရှောင်သွားကြပြီး အချိန်နှင့်အမျှ သူ့ဆီသို့ ကြောက်ရွံ့ရိုသေစွာ ကြည့်နေကြသည်။

မစ်ရှင်ကမ္ဘာ တရားဝင်မပြီးဆုံးခင်အထိ မည်သည့်အရာမှ ဖြစ်ပေါ်လာခြင်းမရှိသည့်အပြင် ‘လက်ကျန်ငွေ’ဟု ခေါ်ဆိုသည့်အရာ သေချာစေရန် ကစားပွဲမပြီးဆုံးမီ မစ်ရှင်ကမ္ဘာ၏ ဖြစ်နိုင်ခြေရှိသည့် ပိုမိုကောင်းမွန်သော ရလဒ်ကို လောင်းကြေးထပ်လျှင် ကစားသမားများအတွက် အကျိုးကျေးဇူး ပိုများသောကြောင့် မျှော်စင်သည် အချိန်တစ်ခုအတွင်းသာ လောင်းကြေးများကို လက်ခံပြီးနောက်တွင် လောင်းကြေးထပ်ခွင့် မပြုတော့ပေ။ လောင်းကြေးထပ်ထားသော ကစားသမားများသည် ရလဒ်ကို စစ်ဆေးရန် ကစားပွဲပြီးဆုံးသည်အထိ စောင့်ကြရကာ နောက်ထပ်လောင်းကြေး မထပ်နိုင်သော ကစားသမားများသည် ရုပ်သံလွှင့်ခြင်းကိုသာ စောင့်ကြည့်နိုင်သည်။

ထိုအရာသည် ကစားသမားအသစ်များတွင် လောင်းကြေးစနစ်များ မရှိသေးသောကြောင့်ဖြစ်နိုင်သည်။ တိုက်ရိုက်ထုတ်လွှင့်ခြင်းသည် စွန်းရှီ၏ရှုထောင့်တွင်သာ ကျန်ရှိနေပြီး ပြောင်းလဲခြင်းမရှိပေ။ စွန်းရှီနှင့် အခြားကစားသမားသုံးယောက် စတူဒီယိုခန်းကို ရှာဖွေပြီးသွားသောအခါ လောင်းကြေးအတွက် ကန့်သတ်ထားသည့်အချိန်လည်း ကုန်ဆုံးတော့မည်ဖြစ်သည်။

မျှော်စင်ကမ္ဘာအတွင်းရှိ ကစားသမားများသည် လောင်းကြေးများ စတင်လာသောကြောင့် ကျန်းရှို့သည်လည်း သူ၏အမှတ်အချို့ကို ထုတ်ယူကာ လောင်းကစားကန်ထဲသို့ ပစ်ချလိုက်သည်။

“အဲ့ဒီဒိုင်ယာရီက ဟောင်းမနေဘဲ လက်ရေးတွေကလည်း မှိန်နေတဲ့ပုံမပေါ်ဘူး။ ဒါက ပုံမှန်ဆိုပေမယ့် သူက ဒီပန်းချီတွေ ဆွဲထားတဲ့ ကြာချိန်ကို သတိမပြုမိဘူးပဲ။ နောက်ဆုံးပန်းချီကတောင် ဆယ်နှစ်လောက်ကြာရင် အဲ့ဒီဒိုင်ယာရီကလည်း အနည်းဆုံးတော့ ဆယ်နှစ်သက်တမ်းရှိသင့်တယ်။ ဟောင်းနေတဲ့ပုံစံ မရှိတဲ့အတွက် အဲ့ဒီဒိုင်ယာရီက ပြဿနာတစ်ခုခုရှိရမယ်။ များသောအားဖြင့် အဆင့်နိမ့်မစ်ရှင်ကမ္ဘာတွေမှာက သဲလွန်စတွေ ရှာဖို့ပဲ လိုအပ်တယာ။ အဲ့ဒီစွန်းရှစ်က သူ့ရဲ့အတွေ့အကြုံပေါ်မှာပဲ မူတည်ထားပြီး သဲလွန်စက ပြဿနာဖြစ်နေတယ်ဆိုတာကို သဘောမပေါက်ဘူးပဲ။”

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now