Chapter 13

200 39 0
                                    

အပိုင်း(၁၃) : Promenade Hotel(၁၃)

မှိန်ပျပျအလင်းရောင်သည် သေးငယ်သော အသံကိုပင် ကျယ်လာစေကာ လေထဲတွင်ရှိသော အမှုန်များကိုပင် မြင်နိုင်လေသည်။

ယန့်ဝေ သူ၏အသက်ရှူသံ တစ်ချက်တစ်ချက်ရပ်သွားသည်ဟုပင် ခံစားလိုက်ရသည်။ ထို့နောက် ကုတင်ဘေးတွင် ထိုင်နေသော ယန့်မင်ကွမ်းအား ကြည့်လိုက်သည်။ ခဏလောက် စိုက်ကြည့်ပြီးသည့်နောက် အလင်းဖျော့ဖျော့အောက်တွင် ထိုသူ၏မျက်နှာအား မြင်လိုက်ရသည်။ -၎င်းမှာ မျက်နှာမရှိ​ပေ။

ထိုအရာအား သူသဘောပေါက်လိုက်မိချိန်တွင်  အေးစက်သောအ‌ငွေ့အသက်က နောက်တစ်ကြိမ် လွှမ်းခြုံလာပြီး သူ၏ဦးနှောက်ထဲသို့ တိုးဝင်လာသည်။

ကုတင်ဘေးနားတွင် ထိုင်နေသော အရာသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသလို ကြည့်လာလေသည်။ ယန့်ဝေ ခဏလောက်တုံ့ဆိုင်းနေချိန်တွင် သူ့၏ရှေ့တွင်ရှိသော ယန့်မင်ကွမ်း၏ဦးခေါင်းက တဖြည်းဖြည်းမော့လာပြီး  ပြုံးပြလာကာ ပါးစပ်မှ သွေးများလည်း စီးကျနေသည်။

ထိုအရာက ယန့်မင်ကွမ်း၏ အသံအား သုံးထားလေသည်။ပေါ့ပါးပြီး နူးညံ့စွာပင် : "မင်းရှာတွေ့သွားပြီ..."

ပို၍အန္တရာယ်များလာလေ ယန့်ဝေက တည်ငြိမ်လာလေဖြစ်သည်။

သူ့ရင်ဘတ်ထဲမှ နှလုံးခုန်သံများ တဒိတ်ဒိတ်ဖြစ်နေလေသည်။ သွေးများကလည်း သွေးကြောများအနှံ့ တစ်ဟုန်ထိုးစီးဆင်းနေသယောင်ပင်။ သို့သော် ယခုလိုအချိန်တွင် သူ၏စိတ်မှာ ပို၍တည်ငြိမ်နေလေသည်။

သူ၏ လက်ချောင်းများအား ဖြည်းဖြည်းချင်းလှုပ်လိုက်ကာ သူ့လက်များ မဆန့်ထုတ်မီ ခက်ထန်စွာ စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် စောင်အောက်မှ ယန့်မင်ကွမ်း၏ လက်အား လှမ်းဆွဲလိုက်ကာ ထိုညစ်ပတ်သော အရာအား ကျော်ဖြတ်၍ ကုတင်ပေါ်မှ အမြန်ထကာ : "ယန့်မင်ကွမ်း ​ပြေး!"

ယန့်မင်ကွမ်း၏လက်အား သူလှမ်းဆွဲလိုက်သည့်အချိန်တွင် သူ့နားတွင် လဲလျောင်းနေသောယန့်မင်ကွမ်းကပါ ကုတင်ပေါ်မှ လှိမ့်ချ၍ လျင်မြန်စွာလှုပ်ရှားလာသည်။ ထိုလူ၏လက်မှာ နွေး​နေသော်လည်း ယန့်​ဝေသည် ထိုလက်ဖဝါးမှာ အနည်းငယ်အေးစက်နေသည်ဟု ခံစားမိလိုက်သည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now