Chapter 7

359 48 1
                                    

အပိုင်း(၇) Promenade Hotel(၇)

ယန့်ဝေနှင့် ယန့်မင်ကွမ်းသည် တစ်ပြိုင်နက်တည်းလိုလို ထထိုင်မိလိုက်ကြသည်။

အော်ဟစ်သံက အလွန်ကျယ်လောင်ပြီး ခဏလေးတင် မဟုတ်ဘဲ အားလုံးပေါင်း ခုနစ်စက္ကန့် သို့မဟုတ် ရှစ်စက္ကန့်နီးပါးကြာမြင့်သည်။

ယန့်ဝေသည် နံရံကိုဖြတ်ပြီး ထိုအသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ အသံတွင် ကြောက်ရွံ့မှုနှင့် နာကျင်မှုများ ပါဝင်နေသော်လည်း မည်သူ့အသံဖြစ်ကြောင်းကိုတော့ အနည်းနှင့်အများခန့်မှန်းပြောနိုင်ပါသေးသည် - ထိုအသံသည် ဂါဝန်ရှည်နှင့် အမျိုးသမီး၏အသံဖြစ်သည်။ 

စဥ်းစားစရာပင်မလိုဘဲ တခြားအခန်းတွင် တစ်ခုခုဖြစ်နေကြောင်း သိနိုင်သည်။

“...... ပထမဆုံးညမှာ ငါကပစ်မှတ်မဟုတ်ဘူးလား”

ဤနေရာသို့ ဝင်ရောက်လာသည်နှင့် ယန့်ဝေသည် buffs နှင့် debuffs ကို အစဥ်လိုက်ပေးခြင်းခံခဲ့ရသည့်အတွက် ဒီမစ်ရှင်ကမ္ဘာဟာ သူ့အတွက် ဆိုးဆိုးဝါးဝါးခက်ခဲမည်

ဖြစ်ကြောင်း အခြေခံအားဖြင့် လက်ခံထားသော်လည်း၊ သူ့ဆီတွင် တစ်ခုခုဖြစ်မည့်အစား တစ်ဖက်အခန်းမှ အော်သံကို ကြားလိုက်ရသဖြင့် ယန့်ဝေတစ်ယောက် နားမလည်နိုင်ဖြစ်သွားသည်။

ယန့်မင်ကွမ်းက ထရပ်ပြီး အခန်းအပြင်သို့ လျှောက်သွားသည်။

ထိုလူက အော်သံ၏နောက်ကွယ်တွင် မည်သို့သော ထိတ်လန့်စရာရှိသည်ကို စိတ်မပူသည့်အတိုင်းပေ။ တံခါး၏ နောက်တွင်ရှိသော ဖြစ်လာနိုင်သည့် အန္တရာယ်ကို အကြောက်အလန့်ကင်းစွာနှင့် တံခါးဆီသို့ ခြေမလှမ်းခင် သူ၏မျက်လုံးများသည် မသိမသာကြည့်နေမိသည်။

“ယန့်မင်ကွမ်း!” ယန့်ဝေက သူ့ကို လှမ်းခေါ်လိုက်သည်။

ဖွင့်ထားသော တံခါးမှတစ်ဆင့် ပြန်လှည့်ကြည့်လာပြီး၊ မျက်မှန်တပ်မထားသောအချိန် ယန့်မင်ကွမ်း၏မျက်လုံးများသည် အလွန်ခက်ထန်လှသည်။ အပြင်ဘက် စင်္ကြံမှ အဝါရောင် မီးမှိန်မှိန်နှင့် အခန်းတွင်းမှ အလင်းရောင်တို့ ပေါင်းစပ်ကာ ထိုသူ၏ ခန္ဓာကိုယ်ကောက်ကြောင်းကို မီးမောင်းထိုး ပြနေသည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now