Chapter 8

281 39 0
                                    

အပိုင်း(၈) Promenade Hotel(၈)

ယန့်ဝေက ခေါင်းမော့ပြီး အစောင့်၏ပခုံးကို ပုတ်လိုက်ကာ “တစ်ဆိတ်လောက်ပါ လူကြီးမင်း”

အစောင့်သည် အံကြိတ်လျက် တောင့်တင်းစွာ သူ့ကိုပြန်လှည့်ကြည့်လာရာ စင်္ကြံမှအလင်းရောင်မှိန်မှိန်အောက်တွင် ထိုသူ၏ အလွန်ချောင်ကျနေသောမျက်နှာနှင့် ငေါထွက်နေသောမျက်လုံးများသည် အလွန်ထိတ်လန့်စရာကောင်းလှသည်။

ယန့်ဝေသည် တကယ်ပင် သာမန်ဟိုတယ်အစောင့်ကို ပြောနေသကဲ့သို့ “လေးတဲ့အရာတွေကို သယ်ရတာက အရမ်းပင်ပန်းတာကို ဘာလို့ ကျွန်​​တော်က ခင်ဗျားကို ကူမသယ်ပေး.....”

သူသည် လက်လှမ်းပြီး ယဥ်ကျေးစွာ ကမ်းလှမ်းလိုက်သည် “ဘာလို့ သန့်ရှင်းရေးပစ္စည်းတွေ ကျွန်​တော့်ကိုမပေးတာလဲ၊ ကျွန်​တော်ကူသယ်ပေးမယ်လေ”

လုပ်နေကျကဲ့သို့ ယန့်ဝေသည် လက်ချောင်းထက်မှ အနက်ရောင်ပြောင်လက်စွပ်ကို တိတ်တဆိတ်ထိတွေ့လိုက်သဖြင့် သူ၏သတင်းအချက်အလက်​ဘောင် ပေါ်ထွက်လာခဲ့သည်။ 

သေချာ​သ​လောက်ပင် buff/debuff ဇယားတိုင်တွင် ‘အစောင့်၏စက်ဆုပ်ရွံရှာမှု’ နှင့် ‘အစောင့်၏ထောက်ခံမှု’ တို့သည် တစ်လှည့်စီ လင်းလက်နေကြပြန်သည်။

သူ၏သတင်းအချက်အလက်​ဘောင်တွင် buff နှင့် debuff ပြောင်းနေသကဲ့သို့ အစောင့်၏ ပိန်သွယ်နေသောမျက်နှာသည်လည်း သူ့ကိုပြုံးပြလိုက် ခဏနေလျှင် သွားဖြဲပြလိုက် ဖြစ်နေသည်။

-နောက်ဆုံးတွင်တော့ ‘အစောင့်၏ထောက်ခံမှု’တွင် ရပ်တန့်သွားလေသည်။

ယန့်ဝေသည် တကယ်ပင် နည်းနည်းလောက် စိတ်ပျက်သွားမိသည်။ သူမြင်လိုသည်က အစောင့်စိတ်ဆိုးသွားရန်ပင်ဖြစ်သည်။

ဤဟာသည် အမှန်ပင် Schrodinger၏ buff ဖြစ်သည်။

[*Schrodinger ဆိုတာ wave mechanics ကို​လေ့လာခဲ့တဲ့ သြစ​တေးလျသိပ္ပံပညာရှင်တစ်ဦးပါ]

“ဧည့်သည်” အစောင့်သည် သူ့ဆီသို့ အမှိုက်အိတ်ပစ်ပေးလာပြီး “ခင်ဗျားက တကယ်ကြင်နာတတ်တာပဲ၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now