Chapter 5.1

306 49 0
                                    

Chapter-5.1

ဒီစတူဒီယိုခန်းကို မတွေ့မိခင်က ဒီဟိုတယ်ထဲမှာ ပန်းချီကားတွေအများကြီးရှိနေနှင့်ပြီဟု ယန့်ဝေ ခံစားခဲ့ရသည်။

အခုတော့ သူတို့ရှေ့မှာ စုပုံနေသည့် ဆွဲ၍မပြီးသေးသော ဆီဆေးပန်းချီကားများက ကြမ်းပြင်နဲ့ နံရံပေါ်အနှံ့ ပြည့်နှက်နေပြီး လျှောက်လမ်းတစ်လျှောက်၌ ချိတ်ထားသော ပန်းချီကားများထက်တောင် ပိုများနေပေသည်။

သို့သော်ငြား ထိုပန်းချီကားထဲရှိ လူတို့တွင် မျက်လုံးများ မပါရှိကြချေ။

ပြတင်းပေါက်အပြင်မှာတော့ ကောင်းကင်ကြီးက မှောင်မည်းလာပြီး အခန်းထဲဝင်လာသော ခပ်မှိန်မှိန်အလင်းရောင်လေးက မှိန်ပျပျစတူဒီယိုခန်းမရဲ့ ခပ်မှိုင်းမှိုင်း ခံစားချက်ကို ပိုပေါ်လွင်စေသည်။ မျက်လုံးပေါင်းများစွာက သူတို့ကို  စိုက်ကြည့်နေသလိုလို၊ အဝေးကိုပဲ လှမ်းကြည့်နေကြသလိုလို ခံစားရပြီး ပန်းချီကားထဲက အမျိုးသမီးကလည်း ချိုသာစွာပဲ ပြုံးပြနေသယောင် လှောင်ရယ်နေသယောင် ထင်ရသည်။

ကောင်းမင် မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး
“ဒီနေရာက ကျောချမ်းစရာကြီး ၊ ငါတော့ ဘာတွေဖြစ်နေတာလဲ မသိတော့ဘူး ၊ မင်းတို့ အရင်ကြည့်လိုက်ပါလား”

ယန့်ဝေကို ယန့်မင်ကွမ်း တစ်ချက်ကြည့်လိုက်သည်။

ယန့်မင်ကွမ်းရဲ့ ခွန်အားက ဒီက တခြားလူတွေထက် ပိုသန်မာတယ်လို့ ယန့်ဝေက သုံးသပ်ထားသလို၊ အဲ့လူကလည်း ယန့်ဝေရဲ့ အာရုံခံစားမှု ရမှတ်တွေမြင့်တယ်ဆိုတာ သတိထားမိပုံပေါ်သည်။

ယခုလည်း သူ့ကို ဘာမှမပြောလာသော်ငြား ယန့်ဝေ သဘောပေါက်လိုက်သည်။ ယန့်မင်ကွမ်းက သူ့ကို တစ်ခုခု ခံစားမိလားလို့ မေးနေတာ။

ကစားသမားတွေကြားမှာ ဒီလူတစ်ယောက်တည်းကသာ အစပိုင်းကတည်းက သူ့ကို ဖောက်ထွင်းမြင်နိုင်ခဲ့ခြင်းဖြစ်သည် ။ ယန့်ဝေက တုံးချင်ယောင်ဆောင်မနေတော့ဘဲ ခေါင်းကို ယမ်းပြလိုက်ပြီး အသံတိုးတိုးလေးနဲ့ “ငါလည်း မသိဘူး။ ဒီစတူဒီယိုက တခြားအခန်းတွေနဲ့ မတူတဲ့ခံစားချက်မျိုး ရနေတာ။ တော်တော်လေး ထူးဆန်းတယ်။ တစ်ခါတစ်လေ နေရာပေါင်းစုံကနေ အန္တရာယ်တွေ လာနေပြီလို့ ခံစားရပြီးတော့ နောက်ကျ ဘာမှကို မခံစားရပြန်ဘူး။”

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now