19.2

170 30 3
                                    

သူသည် တံခါးခေါက်သံကြားသောအခါ ပို၍ စူးစမ်းလိုစိတ်များဖြစ်လာလေသည်။

''ယန့်ဝေ? ငါ ကောင်းမင်ပါ မင်းအထဲမှာရှိလား။ လိပ်စာက မှန်​ရောမှန်ရဲ့လားဟ...သူငယ်ချင်း​တွေအတွက် ပြပေးတဲ့ အချက်အလက်​တွေကို အခြေခံထားတဲ့ လိပ်စာဖြစ်သင့်တာကို..."

''ယန့်ဝေ? ဟယ်လို? ...ယန့်ဝေရှိလား မျှော်စင်ရဲ့ထွက်ပေါက် ယန္တရားကြောင့် မင်းနိုး​နေသင့်ပြီကို အပြင်မထွက်နဲ့ဦး မင်းကဒီကမ္ဘာနဲ့ စိမ်းနေတုန်းပဲ"

''ယန့်ဝေ? မင်းအထဲမှာလား ယန့်-"

ယန့်ဝေသည် ကုန်တိုက်​ဟူသော ဘောင်ထဲမှ လွတ်လပ်ပေါ့ပါးသော မီးခိုးရောင်တောက်တောက် လေကာအပေါ်အကျီ တစ်ထည်ကို လက်ခံရရှိခဲ့သည်။ ​အင်္ကျီသည် သူ၏​ရှေ့တွင် ချက်ချင်း​ပေါ်လာသည်။ သူသည် တံခါးမဖွင့်မီ သူ၏သွေးများစွန်းနေသော လေကာအပေါ်အကျီ ကို ချွတ်လိုက်ပြီး အသစ်တစ်ထည်ကို ဝတ်ဆင်ခဲ့သည်။

ကောင်းမင်သည် စိုးရိမ်တကြီးဖြင့် တံခါးပေါက်တွင် ရပ်နေခဲ့ပြီး သူ၏အကျင့်အရ ညာလက်ဖြင့် သူ့မျက်မှန်ကို ပင့်တင်နေခဲ့သည်။ ယန့်ဝေထွက်လာသည်ကို မြင်သောအခါ သူ၏မျက်လုံးများ​မော့ကာ : ''ဘယ်လောက်ကံကောင်းလိုက်လဲ ငါက မင်းထွက်သွားပြီထင်နေတာ မင်းမှာရော တခြားအစီအစဥ်တွေရှိသေးလား။ မရှိဘူးဆိုရင် ငါမင်းကိုခေါ်သွားချင်တဲ့နေရာတစ်ခု ရှိတယ်။"

ကောင်းမင်သည် ယန့်ဝေကို ဆွဲခေါ်ရန် သူ၏လက်များကို မြောက်လိုက်သည်။

ယန့်ဝေသည် ဘေးကိုရှောင်တိမ်းလိုက်သည်။ သို့သော် ကောင်းမင်၏ခြေလှမ်းများအတိုင်း လိုက်လျှောက်နေဆဲပင်။

မျှော်စင်မှ သူတို့အားပေးသော နေရာများအားလုံးသည် တိုက်ခန်းများ ဖြစ်ကြသည်။ အဆောက်အဦးများလည်း တစ်ခုပြီးတစ်ခုပေါ်ပေါ်လာခဲ့လေသည်။ အခန်းတစ်ခုစီ၏ တံခါးများကြားရှိအကွာအဝေးသည် ကျယ်ပြန့်ပြီး အခန်းစင်္ကြံများသည်လည်း ကြီးမားကြသည်။ အခြားကစားသမားများကို တိုက်မိခြင်းမရှိဘဲ လူနှစ်ယောက် ကောင်းကောင်းလမ်းလျှောက်၍ရသည်။

ငါ့မှာအမတတစ်ပိုင်းစွမ်းရည်ရှိနေတယ်[BL]Where stories live. Discover now