Chapter-1

5.6K 334 43
                                    

"နေစင် ရောက်လာပြီလား"

"Coffe kingဆိုင်ရှေ့မှာ ကျွန်တော်
ဆိုင်ကယ်ရပ်လိုက်တော့ အ​အေး​ဖျော်​
စပ်နေတဲ့အစ်ကိုတစ်​ယောက်က လှမ်းနှုတ်ဆက်သည်။

​ဘေးမှာလည်း ဝယ်သူ ကောင်မလေး
တစ်ယောက်နှစ်ယောက်။

"ဟုတ်ကဲ့ အစ်ကို orderပါတယ်ဆို
လို့အမြန်လာတာ"

"​အေး ခဏ​ပဲစောင့်"

ဆိုင်ရှင်အစ်ကိုကမ်း​ပေးတဲ့​green
teaနှစ်ခွက်​ကော်ဖီ​အေးတစ်ခွက်
အ​အေးဘူး​အထုပ်ကိုကမ်းယူပြီး​
လိပ်စာမှတ်ပြီးသွားမယ်အလုပ်။

" ဒါပြီးရင် ဘယ်သွားစရာရှိ​သေးလဲ
နေစင် "

"မြို့ထဲပတ်ပြီး သစ်ရိပ်ဆိုင် သွား
ရအုံးမယ်အစ်ကို ပါဆယ်​တွေ
orderပို့ရမှာ"

" ဘယ်အချိန်လောက် အားမလဲ ကိုးခွဲ​လောက်ရမလား"

" ​ အမြန်မောင်းရင်​တော့ ရတော့
ရပါတယ် အစ်ကို ဘာခိုင်းစရာရှိလို့လဲ"

"အစ်ကို့ရဲ့ အသိညိလေးတယောက်
သူ့ကောင်မလေးကို လေဆိပ်မှာ
သွားကြိုမလို့အဲ့တာ ​နေစင် လိုက်ပို့
နိုင်မလား။ အချိန်မမှီရင်တော့ တခြား
တယောက်ကိုပဲ ထည့်​ပေးလိုက်မယ်"

"ရတယ် ကျွန်တော် လိုက်ပို့ပေးမယ်
သွားကြိုရမဲ့အချိန်နဲ့လိပ်စာ​ပြော"

"အို​ကေ"

ဆိုင်ရှင် အစ်ကိုဆီကနေ လိပ်စာယူ
ပြီး တက်ကြွစွာနဲ့ ဆိုင်ကယ်ပေါ်တက်
ရင်းအရှိန်တင်​မောင်းလိုက်သည်။

နေစင်က ဆယ်တန်း​ဖြေပြီးထဲက
ဆိုင်​တစ်ချို့နဲ့ချိတ်ပြီးorder လိုက်
ပို့​ပေးတဲ့အလုပ်လုပ်သည်။လူလိုမှ
​ခေါ်ပြီးဘယ်လောက်မှ​တော့ မရ
ပေမယ့်လည်းတက္ကသိုလ်မတက်
ခင်အား​နေတုန်းအပိုဝင်​ငွေ​လေး​ပေါ့။
ကြားထဲမှာ ဆိုင်ကယ်ငှားမယ်ဆို
ရင်လည်းလိုက်ပို့​ပေးတယ်။

ဒီနေ့တော့ အလုပ်များမယ်ထင်ပါရဲ့။

----------

" နည်းနည်းလောက်ထပ်ပြီး မြန်မြန်
မောင်းပေးလို့ ရမလားညီ​လေး"

" အရှိန်ထပ်တင်လို့ မရတော့လို့ဗျ
တတ်နိုင်သလောက်တော့မြန်ထားတယ် ခဏနေရောက်တော့မှာပါ"

The First He GlaredWhere stories live. Discover now