Chapter-20

1.7K 175 37
                                    

" ချက်ချင်းပြန်ထုတ်ပေးဖို့မလိုဘူး မှတ်​လောက်သား​လောက်​အောင်သာ
အဲ့​ကောင်ကို အဲ့ဒီမှာ ခဏပစ်ထား
လိုက် အ​ဖေ"

နံ​ဘေးက ဦးထင်ပိုင်ရဲ့ စကား​ကြောင့်
ဒေါ်ခိုင်နီလာ အံ့သြကြီးစွာနဲ့ ခင်ပွန်း
ဖြစ်သူကို အားတင်းကာ ကြည့်လိုက်
ရတဲ့အထိ။

" အစ်ကို စိတ်ကို​လျှော့ အစ်မခိုင်လည်း
စိတ်​အေး​အေးထား​​နော် အစ်ကိုက​
ဒေါသထွက်​နေ​တော့"

တစ်ဖက်က ဆိုဖာမှာ ဒေါ်တင့်တင့်ရီနဲ့
အတူထိုင်နေတဲ့ ဦးကျော်မြင့်သူရဲ့ စကားသံ။

ထိပ်ဆုံးမှာထိုင်နေတဲ့ ဦးပိုင်ဦးက
ချောင်းတချက်ဟန့်လိုက်ပြီး ​ဘေးမှာ
ရပ်နေတဲ့ ဦးထင်ပိုင်ရဲ့ အတွင်းရေးမှူး
ဖြစ်သူကို။

" အခြေအနေဘယ်လိုရှိလဲ  ​မောင်မျိုးဦး"

"ဆိုရှယ်မီဒီယာ​ခေတ်ဆို​တော့ သတင်း
ပြန့်သွားတာက အရမ်းမြန်တယ် ဥက္ကဌ
။ပိုင်ဦးလုပ်ငန်းစုက​မြေးအကြီး ​ဆေး
သုံးတဲ့​ကောင်​တွေနဲ့တစ်အိမ်ထဲမှာ ဖမ်း
ဆီးခံရတယ် ဆိုတဲ့သတင်းက အရမ်း
ပြန့်နေပြီ။အကျယ်ချဲ့ပြီးအဆင့်ဆင့်
တင်​နေကြတဲ့ ​ပေ့ချ်စာမျက်နှာ​တွေ​
ပေါ်မှာ​ခေါ်သွားတုန်းကဗျူဟာရဲ့ပုံ​​
တွေတော့မပါ​ပေမဲ့ ​"

ကိုမျိုးဦးက ဆက်ပြောရန် ဒေါ်ခိုင်နီလာ
ရဲ့ မျက်နှာကို အားနာစွာနဲ့ အ​ခြေအ​နေ
တချက်ကြည့်လိုက်ရသည်။

"ဗျူဟာရဲ့ဆိုရှယ်အ​ကောင့်ကပုံ​တွေကို
ယူပြီး ​​ခေါ်သွားခံရတဲ့မြေးအကြီးရဲ့ပုံ​
တွေဆိုပြီး တက်​နေတဲ့​ကျောင်းနာမည်နဲ့
ပါဗျူဟာပုံ​တွေက လက်ရှိမှာ တစ်အား
ပြန့်​နေပါတယ်။ ဗျူဟာဖုန်းကလည်း
ပါသွားတာဆို​တော့ ကျွန်​တော်တို့အချိန်မှီ "

" အဲဒါကအရေးမကြီးဘူး ဗျူဟာပိုင်
ပုံ​တွေက ဖျက်လည်းမီဒီယာ​ခေတ်မှာ
ဘာမှတားလို့မရဘူး။နာမည်ကပါ​နေပြီ
ပုံ​တွေပါတာ​လောက် ဘာမှ အထွေအထူးလုပ်ပြီး အကျယ်ချဲ့မနေနဲ့"

ဦးထင်ပိုင်ရဲ့အသံကဒေါသထွက်​နေ
သည်မှာ အသိသာ။

" လက်ရှိ လုပ်နေတဲ့ပရောဂျက်တွေ
ရင်းနှီးမြုပ်နှံထားတဲ့သူ​တွေကိုပဲ အာရုံ
ထား ဒီအကြောင်းနဲ့ပတ်သက်ပြီး
ကုမ္ပဏီအ​ပေါ်ဘာimpactမှမရှိ​အောင်ပဲ သတင်းကိုတတ်နိုင်သမျှရ​အောင်ထိန်း။ဗျူဟာပိုင်က ကျောင်းတက်နေဆဲဖြစ်
ပြီး ပိုင်ဦးကလုပ်ငန်း​တွေနဲ့ ဘာမှမပတ်
သက်ကြောင်း ရှယ်ယာရှင်​တွေကို
အသိ​ပေးလိုက်။ လိုအပ်ရင် ငါကိုယ်တိုင် အစည်းအဝေးထိုင်မယ်။သွား​တော့"

The First He GlaredWhere stories live. Discover now