Chapter-2

2.8K 241 49
                                    

ကားပေါ်ကဆင်းပြီးတာနဲ့ ကျောင်းဝန်း
ထဲမှာ​ခြေချအပြီး​နေစင် ကျောင်းအဆောက်အအုံကြီး​ကို​မော့ကြည့်မိသည်။

ကျောင်းဝန်းနဲ့ ကျောင်းအဝင်အဝ
လမ်းမှာတင် သူ့အကျယ်အဝန်းနဲ့သူ​
နေရာယူထားပြီး
ကျယ်ဝန်းတဲ့​မြေ​နေရာ  ​​လေးထပ်
main building ​ကျောင်းအ​
ဆောက်အဦးကလည်း​​ခတ်ဒီဇိုင်းနဲ့အကျယ်အဝန်းတော်​တော်​လေးကိုကြီးသည်။အားကစားရုံကသက်သက် အဆောက်အဦးတစ်ခု။ ​ကျောင်းရဲ့
နာမည်နဲ့အတူ အရှိန်အဝါတစ်ခုက
ရှိ​နေသည့်ပုဂ္ဂလိကတက္ကသိုလ်ပင်။

​ကျောင်းဖွင့်ပြီး​နှစ်ရက်​လောက်အကြာ
မှ​နေစင်နဲ့အင်ကြင်း​ကျောင်းကို
စတက်ဖြစ်ကြတာ။

ကျောင်းဝတ်စုံဆင်တူနဲ့သွားလာ​နေတဲ့ ကျောင်းသား ကျောင်းသူ​တွေ။
ထူးခြားတာ တခုကတစ်ခြားပုဂ္ဂလိကတက္ကသိုလ်​တွေလိုမျိုးမဟုတ်ပဲ Parameဆို​သောမြန်မာနာမည်
နှင့်ပင်ဒီနိုင်ငံက တစ်ခြား
ထိပ်ဆုံးကပုဂ္ဂလိက တက္ကသိုလ်​​တွေ
နှင့်အတူ ရပ်တည်နေသည်။
​နေစင်တို့က engineeringပိုင်း
ကိုတက်မှာ။first year မတက်ခင်foundation​ရှစ်လအရင်
တက်ရမှာဖြစ်သည်။

" နေစင် ဘာရပ်လုပ်နေတာလဲ ငါတို့
အ​ဆောင်ထဲသွားမယ်လေ"

"အင်း"

"အင်ကြင်း"

သက်ထားနဲ့အတူတူ ​လျှောက်လာ
နေရင်း လူတစုကြားမှာ​နေစင်တို့ကို
လက်ပြကာခေါ်နေတဲ့ ​ကေခိုင်။

ကေခိုင်ကstage​ကျောင်းမှာတုန်းက အင်ကြင်းရဲ့ဟိုဘက်အခန်းက
သူငယ်ချင်း။နေစင် နဲ့တော့
ခေါ်ပြောဖူးရုံလောက်ပဲခင်တယ်။

" နေစင် ငါတို့သွားကြည့်ရ
အောင် သီချင်းဆိုနေတာလားမသိဘူး"

" ငါမကြည့်ချင်ဘူး အတန်းထဲ
အရင်သွားနှင့်လိုက်မယ်"

"ဟာ နင်ကလည်းလာပါ"

အင်ကြင်းအတင်းဆွဲခေါ်လာတာမို့
​နေစင်ပါ လူအုပ်ဝိုင်းထားတဲ့ကြားကို ရောက်လာရသည်။ ကျောင်းသားကျောင်းသူတွေ တော်တော်များတယ်
အထူးသဖြင့် ကျောင်းသူတွေ။
band​လေးနဲ့ရပ်ပြီး သီချင်းဆိုနေကြတဲ့​ကျောင်းသားတွေ ပါပဲ ။​နေစင်တို့ ရောက်တော့Marshmelloရဲ့Happier
သီချင်းကိုacoustic verနဲ့
ဖျော်​ဖြေ​နေသူ ကောင်လေးတ
ယောက်။​ကေခိုင်​ပြောပြတာ​တော့
ကျောင်းကvolunteerသမား
​တွေအတွက် ရန်ပုံ​ငွေရှာ​ပေးတာတဲ့။
Music clubကသူ​တွေ ဆိုတော့လဲ
သူ့အသံ​လေးနဲ့သူမဆိုးပါဘူး။

The First He GlaredWhere stories live. Discover now